ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဒုတိယ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။ ကိန်းဂဏန်းတွေအရ အမျိုးသမီး ရှစ်ယောက်မှာ တစ်ယောက်ဟာ ရင်သားကင်ဆာကို ဘဝ တစ်ချိန်ချိန်မှာ ခံစားကြရပါတယ်။ Paget’s disease ကတော့ အဖြစ်မများတဲ့ ရင်သားကင်ဆာ တစ်မျိုးပဲဖြစ်ပါတယ်။
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဒုတိယ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။ ကိန်းဂဏန်းတွေအရ အမျိုးသမီး ရှစ်ယောက်မှာ တစ်ယောက်ဟာ ရင်သားကင်ဆာကို ဘဝ တစ်ချိန်ချိန်မှာ ခံစားကြရပါတယ်။ Paget’s disease ကတော့ အဖြစ်မများတဲ့ ရင်သားကင်ဆာ တစ်မျိုးပဲဖြစ်ပါတယ်။

နာမည်တူပေမယ့် Paget’s disease ရင်သားကင်ဆာဟာ အရိုးမှာ ဖြစ်တဲ့ Paget’s disease နဲ့ အတိအကျ ဆက်နွယ်ခြင်း မရှိပါဘူး။ ရင်သားကင်ဆာ (Paget’s disease) အတွက် တိကျသေချာတဲ့ သိပ္ပံပညာနဲ့ ရှင်းပြနိုင်မှုမျိုးလည်း မရှိပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက ဒါဟာ ductal ရင်သားကင်ဆာရဲ့ သတိပေးလက္ခဏာလို့ ယူဆကြပါတယ်။ ကင်ဆာဆဲလ်တွေဟာ သူတို့ရဲ့ မူရင်းနေရာကနေ နို့သီးခေါင်းဆီကို ရောက်လာပြီး ဘေးပတ်ဝန်းကျင်က တစ်ရှူးတွေဆီကို ပြန့်သွားတာ ဖြစ်ပါတယ်။ အချို့ကတော့ Paget’s disease ဟာ နို့သီးခေါင်းမှာ ဖြစ်တဲ့ ဘာနဲ့မှ ဆက်စပ်မှု မရှိတဲ့ ရောဂါတစ်မျိုးလို့ ယူဆကြပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ သေချာ မပြောနိုင်ပေမယ့် ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေ တော့ ရှိပါတယ်။
ဒါပေမယ့် ဒီလက္ခဏာတွေ ရှိခြင်းဟာ သင့်ကို သေချာပေါက် Paget’s disease ဖြစ်မယ်လို့ မပြောနိုင်ပါဘူး။
Paget’s disease ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့
Paget’s disease ရဲ့ ရောဂါလက္ခဏာတွေကို အခြား dermatitis (သို့) အရေပြား အခြေအနေတွေနဲ့ မှားယွင်းနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေကတော့ ကုသမှုကို တုန့်ပြန်မှု ရှိပါတယ်။ တစ်လကျော်ကြာတဲ့အထိ ကုသမှုကို တုန့်ပြန်ခြင်းမရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ Paget’s disease ကို များသောအားဖြင့် စမ်းသပ်စစ်ဆေးမှုနဲ့ mammogram ရိုက်ခြင်းတွေနဲ့ ရောဂါ အဖြေရှာနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ရင်သားတစ်ရှူးတွေထဲမှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်တွေကို သိရှိနိုင်ဖို့ အသားစယူနိုင်ပါတယ်။
သင့်မှာ Paget’s disease ရှိနေခဲ့ပြီဆိုရင် ခွဲစိတ်ခံရဖို့ များပါတယ်။ နို့သီးခေါင်း အခြေအနေ ဘယ်လောက်ဆိုးနေပြီလဲဆိုတာပေါ်မူတည်ပြီး မတူညီတဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုတွေမှာတော့
ရောဂါဖြစ်တဲ့ အစိတ်အပိုင်းကိုသာ ဖြတ်ထုတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
ခွဲစိတ်မှုပြီးရင် ရင်သားကင်ဆာ ပြန်ဖြစ်တာကို ကာကွယ်ဖို့အတွက် ဆေးသွင်းကုသနည်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း၊ ဟော်မုန်းနဲ့ ကုသခြင်းတွေကို လိုအပ်ကောင်းလိုအပ်မှာဖြစ်ပါတယ်။ Paget’s disease ဟာ ကုသလို့ ရနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ သင့်လျော်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေလုပ်မယ်ဆိုရင် ရောဂါပျောက်ကင်းအောင် ကုသနိုင်ပြီး သာယာပျော်ရွှင်ဖွယ်ဘဝကို အချိန်အကြာကြီး ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။