brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေဖြတ်ခြင်းကြောင့် ဖြစ်လာသော နောက်ဆက်တွဲရောဂါစု

BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာရသော နောက်ဆက်တွဲ ရောဂါစု တစ်ခုဖြစ်ပါသည်။ ဤဆောင်းပါးတွင် BáLint’s syndrome အကြောင်းကို ဖော်ပြသွားပါမည်။

လေဖြတ်ခြင်းကြောင့် ဖြစ်လာသော နောက်ဆက်တွဲရောဂါစု

BáLint’s syndrome ဆိုသည်မှာ

BáLint’s syndrome သည် လေဖြတ်လူနာများ ဖြစ်တတ်သည့် ရှားပါးရောဂါစု တစ်ခုဖြစ်ပါသည်။ BáLint’s syndrome တွင် မြင်ကွင်းထဲရှိ အရာဝတ္ထုကို အာရုံစိုက်မရခြင်း (simultanagnosia) ၊ အာရုံစိုက်၍ ကြည့်မရခြင်း (oculomotor apraxia) နှင့် အမြင်အာရုံဖြင့် လက်လှမ်းပါက ယင်းအရာ ကို မရောက်ခြင်း (optic ataxia) စသော လက္ခဏာများ ပါဝင်ပါသည်။

BáLint’s syndrome သည် လေဖြတ်ပြီး ဦးနှောက် ထိပ်ပိုင်းနှင့် နောက်စေ့တွင် ရှိသော parieto-occipital ဦးနှောက်ဖုများ ထိခိုက် ခြင်းကြောင့် ဖြစ်ရပါသည်။ ယင်းဦးနှောက်ဖုများသည် တစ်ကြိမ်နှင့် တစ်ကြိမ်ထက်ပိုသော လေဖြတ်ခြင်းကြောင့် ဖြစ်တတ်ပါသည်။

BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့်သာမက ရုတ်တရက် ပြင်းထန်စွာ သွေးပေါင်တက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ အယ်ဇိုင်းမားနှင့် အခြားသော ဦးနှောက်ဆဲလ် များ ယိုယွင်းခြင်းကြောင့် ဖြစ်သော ရောဂါများ ကြောင့်လည်း BáLint’s syndrome ဖြစ်တတ်သလို ဦးနှောက်ထိခိုက်ခြင်းနှင့် အကျိတ်ရောဂါ ကြောင့်လည်း ဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာများ

BáLint’s syndrome ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ် ပါသည်။

Simultanagnosia – တစ်ခုထက်ပိုသော အရာဝတ္ထုများကို အာရုံ စိုက်မကြည့်နိုင်ခြင်း၊ မြင်ကွင်းတွင် ရှိသော ပစ္စည်းအားလုံး တစ်ပြိုင်နက် မမြင်ရခြင်း

Oculomotor apraxia – မျက်လုံးကို စိတ်ထိန်းချုပ်ပြီး လှုပ်ရှားရ ခက်ခဲခြင်း၊ ထို့ကြောင့် ဘေးရှိပစ္စည်းများကို ကြည့်ချင်ပါက ခေါင်း ပါစောင်းကြည့်ရခြင်း၊ မျက်လုံးကို အပေါ်နှင့် အောက်သာ လှုပ်ရှား နိုင်ခြင်း

Optic ataxia – အမြင်အာရုံနှင့် အရာဝတ္ထုကို လက်လှမ်း၍ မရခြင်း၊ လက်နှင့် အရာဝတ္ထုကြား အကွာအဝေးကို အမြင်ဖြင့် မတွက်နိုင်ခြင်း (ဥပမာ။ ကော်ဖီခွက်ကို စားပွဲပေါ်တင်ပါက စားပွဲဆီ မရောက်ဘဲ ခွက်ကိုလွတ်ချမိခြင်း)

BáLint’s syndrome ကို ကုသနိုင်သလား။

ဤရောဂါရှင်များသည် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများနှင့် တိုးတက်လာအောင် ပြုလုပ်နိုင်ပါသည်။ အမြင်အာရုံတိုးတက်စေသော လေ့ကျင့်ခန်းများ၊ အကူအညီပေး ရွေ့လျားမှု့များ လေ့ကျင့်ခြင်းဖြင့် လူနာများ၏ ခွန်အားနှင့် စွမ်းဆောင်ရည်များ တိုးတက်စေပြီး နေ့စဉ် လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်အောင် လုပ်နိုင်လာပြီး သတိလည်း ပိုကောင်းလာပါမည်။

BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာတတ်သော မျက်စိနှင့် အမြင်ဆိုင်ရာ ပြဿနာဖြစ်ပါသည်။ ရောဂါရှာဖွေသိရှိမှု နှေးပါက ကုသမှုလည်း နှေးကွေးစေပါမည်။ အကယ်၍ လေဖြတ်လူနာများတွင် အထက်ဖော်ပြပါ လက္ခဏာများ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Ye Mhan Linn · 06/03/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။