brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများသည် လေဖြတ်နိုင်ခြေကို မြင့်တက်စေသည်

ကိုယ်ဝန်ဆောင်တဲ့အခါ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်းနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဝင်လာတတ်ပါတယ်။ ဒီပြသနာတွေဟာ ကလေးမွေးပြီးတဲ့အခါ ပျောက်သွားနိုင်ပေမယ့် မိခင်အတွက် လေဖြတ်နိုင်ခြေကို မြင့်တက်နိုင်စေပါတယ်။

ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများသည် လေဖြတ်နိုင်ခြေကို မြင့်တက်စေသည်

Duke တက္ကသိုလ်မှ Dr. Cheryl Bushnell ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနဲ့ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုခံစားရသူ အမျိုးသမီးများဟာ မဖြစ်ဖူးသူတွေထက် လေဖြတ်နိုင်ခြေ ၂ဆ ရှိပါတယ်။ Dr. Bushnell အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်းဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေရဲ့ သတိပေးလက္ခဏာတွေဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်ပွားလာနိုင်တယ်လို့ ယုံကြည်ပါတယ်။

Dr. Bushnell ဟာ ၁၉၇၉ ကနေ ၂၀၀၅ ခုနှစ်အထိ ကလေးမွေးဖွားသူ အမျိုးသမီးပေါင်း ၄၂၂၆၃ ဦးကို လေ့လာခဲ့ပါတယ်။ ဒီသုတေသနမှာ ကိုယ်ဝန်ဆောင် သွေးတိုးနဲ့ ဆီးချိုအပြင် အချင်းကွာခြင်း၊ စောမွေးခြင်း၊ ကလေးအသေမွေးခြင်း၊ ရေမွှာနည်းခြင်း၊ ကလေးမွေးပြီးနောက် သွေးဆင်းခြင်း စတဲ့ အခြေအနေတွေပါ ပါဝင်ပါတယ်။ ဒီသုတေသနအရ ကိုယ်ဝန်ဆောင်ချိန် နောက်ဆက်တွဲပြသနာရှိခဲ့သော အမျိုးသမီးတွေရဲ့ ၇၀%ခန့်ဟာ နောက်ပိုင်း ၁၃ နှစ်ခန့်ကြာတဲ့အခါမှာ လေဖြတ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ အသက် ၃၅နှစ်ကျော်လာတဲ့ အာဖရိကန်-အမေရိကန် အမျိုးသမီးတွေဟာ လေဖြတ်နိုင်ခြေ ရှိပါတယ်။

MRI ရိုက်ခြင်းဟာ လေဖြတ်ခြင်းအတွက် အကောင်းဆုံး ရောဂါရှာဖွေနည်းပါပဲ။ ဘယ်အချိန်မှာ ရိုက်သင့်တယ်ဆိုတာကတော့ ကိုယ်ဝန်ကာလပေါ် မူတည်ပြီး ကောင်းကျိုးဆိုးကျိုး ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ရိုက်သင့်ပြီး MRI ရိုက်ဖို့ အသင့်တော်ဆုံးအချိန်ကတော့ ပထမသုံးလနောက်ပိုင်း ဖြစ်တယ်လို့ အကြံပြုထားပါတယ်။ အထောက်အထားအရတော့ ကောက်ချက်ဆွဲဖို့ မပြည့်စုံပေမယ့် နောက်ထပ်သုတေသနတွေ ဆက်လုပ်ဖို့အတွက် အကျိုးအကြောင်း ခိုင်လုံစေပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးပြသနာရှိဖူးသူ အမျိုးသမီးများဟာ တတ်ကျွမ်းနားလည်သူများနဲ့ စစ်ဆေးသင့်ပါတယ်။ လေဖြတ်နိုင်ခြေကျဆင်းဖို့ တခြားအကြံပြုချက်တွေကတော့ သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်သွားဖို့ပါပဲ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thant Zin · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။