brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အတက်ရောဂါကို သက်သာစေမယ့် အစားအသောက်များ

အတက်ရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတက်ရောဂါက မျက်တောင်တဖြတ်ဖြတ်ခတ်ခြင်း လို အသေးစားအခြေအနေမှ လုံးဝတက်တဲ့ဆိုးရွားတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

အတက်ရောဂါကို သက်သာစေမယ့် အစားအသောက်များ

ဆရာဝန်က အတက်ရောဂါကို ထိန်းချုပ်ဖို့အတွက် တချို့လူနာတွေကို ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေကို စားဖို့ ညွှန်းဆိုကြပါတယ်။

၁. ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေဆိုတာ ဘာတွေလဲ။

ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်ဆိုတာ များသောအားဖြင့် အဆီများပြီး ကာဗွန်ဟိုက်ဒြိတ်နည်းတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါဟာ ကာဗွန်ဟိုက်ဒြိတ်တွေကို စွမ်းအင်တွေအဖြစ်သုံးပြီး အဆီတွေကို လောင်ကျွမ်းဖို့အတွက် အစားထိုးတာကို လျော့ကျစေနိုင်တယ်။

ketone (အော်ဂန်းနစ်ဒြပ်ပေါင်း)ကို အစားအသောက်များမှ တစ်ဆင့် ကိုယ်တွင်းမှာ ထုတ်လုပ်ပေးပြီး အတက်ရောဂါကို ထိန်းချုပ်စေနိုင်ပြီး အတက်ရောဂါဖြစ်စေတဲ့ အရာတွေကို တားဆီးပေးတယ်။ ဒါ့ကြောင့် ဆရာဝန်နှင့် သေသေချာချာ ဆွေးနွေးပြီး ရက်ချိန်းမှန်မှန်ပြဖို့တော့ လိုပါတယ်။

၂. ဘယ်လိုလူတွေအတွက် အကူအညီဖြစ်မလဲ။

အတက်ကျဆေးတွေနဲ့ မသက်သာတဲ့ အတက်ရောဂါရှိတဲ့ ကလေးတွေကို Ketoneပါတဲ့ အစားအသောက်တွေစားဖို့ ညွှန်းဆိုထားတယ်။ ဒါပေမယ့် ဒီနည်းကို အရွယ်ရောက်သူတွေမှာ အသုံးနည်းတယ်။ လူကြီးတွေက အစားအသောက်ကန့်သတ်ချက်တွေကို လိုက်နာနိုင်တာနည်းတယ်။ တချို့သောလူတွေမှာ ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေကို အတက်ရောဂါပျောက်အောင် ကုသဖို့ သုံးနေဆဲပဲဖြစ်တယ်။

ketogenic (အော်ဂန်းနစ်ဒြပ်ပေါင်း)ပါတဲ့ အစားအသောက်တွေက တချို့သောအတက်ရောဂါတွေမှာ (ဥပမာ – infantile spasms, Rett syndrome, tuberous sclerosis complex, Dravet syndrome, Doose syndrome, and GLUT-1 deficiency) အထောက်အကူဖြစ်ပါတယ်။ ကလေးတွေမှာ တနေရာထဲ ကွက်ပြီးတက်တတ်တဲ့ရောဂါအတွက်လည်း ကောင်းပါတယ်။

ယေဘူယျအားဖြင့် အသုံးမပြုရမယ့် အခြေအနေမတွေ့ခဲ့ရင် အစားအသောက်နဲ့ကုတာက အဆင်ပြေပါတယ်။

၃. ဘယ်လိုအလုပ်လုပ်လဲ။

လေ့လာမှုအချို့အရ Ketogenic အစားအသောက်တွေစားတဲ့ ကလေးတွေရဲ့ အတက်ရောဂါ ဖြစ်နှုန်းဟာ မစားတဲ့ ကလေးတွေရဲ့ ဖြစ်နှုန်းနဲ့စာရင် ၄ပုံ ၁ပုံပဲ ရှိပါတယ်။ Ketogenic အစားအသောက်တွေဟာ ဆေးတွေလိုပဲ ကလေးတွေမှာ အတက်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ၁၀-၁၅%ကို မတက်အောင်လုပ်ပေးနိုင်ပါတယ်။

၄. အဖြစ်များစေသော အချက်များ

Ketogenic အစားအသောက်တွေက အတက်ရောဂါလူနာတွေကို အထောက်အကူ ပေးသော်လည်း တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဥပမာ-

  • အစာခြေမှုပြဿနာများ- ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့တက်ခြင်း၊ အန်ခြင်း နှင့် ရင်ပူခြင်း။
  • ကိုလက်စရောတက်ခြင်း( တချို့လူတွေမှာ ဆေးသောက်ဖို့ လိုအပ်ပါတယ်။)
  • ကျောက်ကပ်မှာ ကျောက်တည်ခြင်း
  • အားအင်လျော့နည်းခြင်း
  • ကလေးတွေမှာ ဖွံ့ဖြိုးမှုနှေးခြင်း
  • ဗီတာမင်နှင့် သတ္တုဓါတ်နည်းခြင်း၊ ဖြည့်စွက်စာသောက်ပြီး ပြန်ဖြည့်နိုင်ပါတယ်။
  • အရိုးကျိုးခြင်း

၅. သင်ဘာကို သတိထားရမလဲ။

  • Ketogenic အစားအသောက်တွေကို စားမယ်လို့ ဆုံးဖြတ်ရင် သေချာလိုက်နာရပါမယ်။ အစားအစာရဲ့ ပမာဏနှင့် အမျိုးအစားကို သေချာခွဲဖို့လိုပါတယ်။ ဒါ့ကြောင့် အစားအစာပြင်ဆင်ဖို့ အချိန်အများကြီး ယူရပါလိမ့်မယ်။
  • အစားအသောက်တွေက အခြားလူတွေမှာ အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် သင် သို့မဟုတ် သင့်ကလေးကို Ketogenic အစားအသောက်တွေ စားမယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာဖို့ လိုပါတယ်။

အစားအသောက်ကို တကြိမ်ပဲစားမယ်ဆိုလျှင် ကောင်းကျိုးကို မခံစားရပါဘူး။ ဒါ့ကြောင့် ညွှန်ကြားချက်အတိုင်း တိတိကျကျစားဖို့ အရမ်းအရေးကြီးပါတယ်။

Hello Health Group သည် ဆေးပညာနှင့်ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို မလုပ်ဆောင်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Phyo Wai Yan · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။