brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Myoclonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ Myoclonic seizure လို့ခေါ်ပါတယ်။ အောက်ဖော်ပြပါအချက်အလက်များက Myoclonic seizure အကြောင်းဖော်ပြပေးထား တာဖြစ်ပါတယ်။

Myoclonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

Myoclonic seizure ဆိုတာဘာလဲ

Myoclonic seizure ဆိုတာ ကြွက်သားတစ်ခု ဒါမှမဟုတ် ကြွက်သားတစ်စုရဲ့ ခဏတာရုတ်တရက် သွေးလန့်ပြီး ကြွက်သားများ ကျုံ့ညှစ်ခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ကြွက်သားများဟာ နေရာကွက်ကြား ကျုံ့ညှစ်ကြပြီး ခန္ဓါကိုယ် နှစ်ဖက်စလုံးမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ လူနာတွေဟာ တစ်ခါတစ်လေမှာ ခဏတာ ဓါတ်လိုက်သကဲ့သို့ ကြွက်သားများ ကျုံ့ညှစ်ခြင်းပုံစံ ကို ဖော်ပြပါတယ်။ ဒီလိုအတက်ရောဂါ မျိုးဟာ ရုတ်တရက် လဲကျ သွားခြင်း သို့မဟုတ် ပစ္စည်းများကို စိတ်ခံစားမှု မပါပဲ လွှတ်ပစ်ချနေခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီလိုဖြစ်တာဟာ အချိန်ကြာလေ့မရှိပါဘူး။ ၁စက္ကန့် ၂စက္ကန့် ထက်အချိန်အနည်းငယ်သာ ပိုကြာလေ့ရှိပါတယ်။ တစ်စုံတစ်ဦးလောက်သာလျှင် အချိန်ပိုကြာလာ နိုင်နေပြီးတော့ များသောအားဖြင့်ဒီ Myoclonic seizure အမျိုးအစား အများစုကတော့ အချိန်တိုတွင်းမှာပဲ ဖြစ်လေ့ရှိပါတယ်။

ဝက်ရူးပြန်ရောဂါ မရှိသောသူများတွင်တောင်မှ ကြို့ထိုးတဲ့အခါ သို့မဟုတ် အိပ်ပျော်နေရာက ရုတ်တရက် လန့်နိုးလာတဲ့အခါ ကြွက်သားများ ကျုံ့ညှစ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုအရာတွေကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။

ဝက်ရူးပြန်ရောဂါဖြစ်တဲ့အခါ အတက်ရောဂါအမျိုးအစားတွေဟာ အမျိုးမျိုးသောပုံစံ အနေအထားတွေနဲ့ ရှိတတ်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ် တွင်ဖြစ်သော ကြွက်သား ရုတ်တရက် ဆတ်ခနဲ ကျုံ့ညှစ်ခြင်း ဆိုင်ရာအတက်ရောဂါ-

ဒီအတက်ရောဂါအမျိုးအစားဟာ များသောအားဖြင့် သက်ကြီးကောင် ဝင်ခါစ ပတ်ဝန်းကျင်တွေမှာ စလေ့ရှိပါတယ်။ သို့မဟုတ်လည်း ပုံမှန်ဉာဏ်ရည် ဉာဏ်သွေးရှိသော ကလေးကြီးတွေမှာ တစ်ခါတလေ ဖြစ်တက်ပါတယ်။ လူနာအများစုတွင် အတက်ရောဂါဟာ အိပ်ရာနိုးပြီးခါစ အချိန်တွေမှာ များသောအားဖြင့် ဖြစ်လေ့ရှိပါတယ်။ ဒီလိုတက်တဲ့ အခါမှာသူတို့ဟာ လည်ပင်း၊ ပုခုံးနှင့် လက်တွေပါလာပါတယ်။ ဒီလိုရောဂါ အခြေအနေ အများစုမှာဆိုရင် တက်ခြင်းကို ဆေးသောက်ခြင်းအားဖြင့် ကောင်းကောင်းထိန်းချုပ် နိုင်ပါတယ်။ သို့သော် ဘဝတစ်လျှောက်လုံးဆေးသောက်သွားရမှာတော့ ဖြစ်ပါတယ်။

Lennox-Gastaut syndrome ရောဂါ-

ဒီလိုအတက်ရောဂါမျိုးဟာ ကလေးတွေငယ်စဉ်မှာပဲ စဖြစ်လေ့ရှိကြပါတယ်။ ဒီလိုတက်တဲ့အခါမှာ လည်ပင်း၊ ပုခုံး၊ လက်မောင်းတွေနှင့် များသောအားဖြင့် တစ်ခါတလေမှာ မျက်နှာတွေလည်း ပါလာလေ့ရှိတတ်ပါတယ်။ ဒီSyndrome ရောဂါဟာ အတော်အသင့် ပြင်းထန်တဲ့အတွက် ထိန်းချုပ်ဖို့ရာ ခက်ခဲပါတယ်။ ပိုဆိုးလာသော ကြွက်သား ဆတ်ခနဲ ရုတ်တရက် ကျုံ့ညှစ်ခြင်းဆိုင်ရာ ဝက်ရူး ပြန်ရောဂါ။ ရှားပါးတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ကြွက်သားများ ရုတ်တရက် ဆတ်ခနဲ ကျုံ့ညှစ်ပြီး တက်ခြင်းသာမက ကြွက်သားများ တောင့်တင်းကာ ကျုံ့ညှစ်ပြီး တက်ခြင်းစတဲ့ လက္ခဏာ တွေပါထပ်ပေါင်းလာပါတယ်။ ဒီအခါမှာ ကုသမှုဟာ များသောအားဖြင့် မအောင်မြင်ပဲ လူနာဟာ အချိန်ကြာလာတာနှင့်အမျှ ပိုဆိုးလာပါတယ်။

ဘယ်သူတွေဟာ myoclonic seizure ရောဂါရဖို့ ဖြစ်နိုင်ခြေများသလဲ

Myoclonic seizure အမျိုးအစားဟာ ကလေးတွေမှာ အဖြစ်များဆုံး အတက်ရောဂါ အမျိုးအစားဖြစ်ပါတယ်။ သို့သော် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

Myoclonic seizure အမျိုးအစား အတက်ရောဂါဖြစ်ပြီးနောက် ဘာတွေဆက်ဖြစ်လာလဲ

Myoclonic seizure အမျိုးအစား အတက်ရောဂါကြောင့် တက်ပြီးတဲ့နောက် လူနာဟာ သူတက်နေစဉ် သို့မဟုတ် မတက်ခင်က သူလုပ်နေတဲ့ အရာတွေကို ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်ပါတယ်။ သူတို့ဟာ ပြန်နိုးလာပြီးတော့ ရှင်းရှင်းလင်းလင်း ပြန်ပြီးတွေးလာနိုင်ပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားမှာဆိုရင် အရေးပေါ်ကုသမှု ခံယူဖို့ရာ မလိုအပ်သေးပါဘူး။

တကယ်လို့ တစ်စုံတစ်ဦးဟာ Myoclonic seizure အမျိုးအစား အတက်ရောဂါ ရှိနေမယ်ဆိုရင် သူ့ကို သင်ဘယ်လိုပြောနိုင်သလဲ

ဒီအတက်ရောဂါအမျိုးအစားဟာ ခြုံငုံကြည့်မယ်ဆိုရင် လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာခဏတာပဲဖြစ်ပြီး ပုံမှန်လှုပ်ရှားမှုထက် အနည်းငယ်သာပိုပြီးတော့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအတက်ရောဂါ အမျိုးအစားဟာ မျက်နှာကြွက်သားများ တစ်ခါတစ်ရံ အလိုလို တွန်ရှုံ့သွားသောရောဂါ၊ လက်တုန် ခြေတုန် ဖြစ်ခြင်းနှင့် ကို့ယို့ကားယားမူမမှန် ဖြစ်ခြင်းရောဂါ စတာတွေနဲ့ မှားနိုင်ပါတယ်။

myoclonic seizure ရောဂါဟုတ်မဟုတ် ဘယ်လိုအဖြေရှာ အတည်ပြုသလဲ

သင့်ကို အတက်ရောဂါ ဖြစ်စေတဲ့လျှပ်စစ်လိုင်း လှုပ်ရှားမှုတွေအကြောင်းကို စစ်ဆေးဖို့ရာအတွက် EEG စစ်ဆေးမှုကို ပြုလုပ်ရန် ဆရာဝန်က ပြောပါလိမ့်မယ်။

myoclonic seizure ရောဂါကို ဘယ်လိုကုသလဲ

နောက်တစ်ခါ Myoclonic seizure အမျိုးအစားတက်ခြင်း မဖြစ်ပေါ်စေရန် ဆေးအမျိုးမျိုးက ကူညီပေးနိုင်ပါတယ်။

တကယ်လို့ သင့်ကလေး သို့မဟုတ် သင့်ရဲ့ ချစ်နှစ်သက်ရသူ သို့မဟုတ် သင်ကိုယ်တိုင်က Myoclonic seizure အမျိုးအစား အတက်ရောဂါဖြစ်လာပြီဆိုရင် သင်ဘာလုပ်သင့်သလဲ

တကယ်လို့သင် သို့မဟုတ် သင့်ရဲ့ ချစ်ခင်နှစ်သက်ရသူမှာ Myoclonic seizure အမျိုးအစားအတက်ရောဂါ ရှိတယ်ဟု ယူဆလျှင် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ မှန်ကန်သောနည်းလမ်း များကိုရွေးချယ်ဖို့ရာ လိုအပ်ပါတယ်။ ဒီရောဂါ ဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့ရာအတွက် သင့်ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ရာ လိုအပ်ပြီး ကုသမှုကို စတင်ရန်မရှိမဖြစ် အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ Myoclonic seizure အမျိုးအစားအတက်ရောဂါဟာ အခြားသော Syndrome ရောဂါ အချို့နှင့်လည်း တွဲနေနိုင်လို့ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Khin Yin Kyay · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။