ဝက်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ကို ကူညီပံ့ပိုးပေးရတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သူတက်တာမြင်ပြီး ကြောက်လန့်သွားနိုင်သလို ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ဖြစ်တတ်ပါတယ်။ အတက်ရောဂါရှိတဲ့လူကို စောင့်ရှောက်ဖို့ ဗဟုသုတအနည်းငယ်လိုအပ်ပါတယ်။ အောက်ပါဆောင်းပါးကတော့ သင်သိသင့်တဲ့အကြောင်းအရာတွေ ပြောပြပေးသွားမှာပါ။
ကုသမှုတွေကို အတူတူတိုင်ပင်ပြီး ရွေးချယ်ပေးပါ။
ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဝက်ရူးပြန်ရောဂါသည်တွေကို ကူညီစောင့်ရှောက်တဲ့နေရာမှာ အဓိကပါဝင်နေပါတယ်။ သင်က လူနာ့ကျန်းမာရေးအခြေအနေကို ဆရာဝန်အား ပြောပြတဲ့လူတစ်ယောက်ပါ။ ဝက်ရူးပြန်ဆေးဝါးတွေနဲ့ ကုသမှုတွေ၏ ကောင်းကျိုး၊ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ သင်တို့၂ယောက် အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိသွားပြီဆိုရင်တော့ လူနာ၏ကုသမှုရွေးချယ်ခြင်းမှာ ကူညီပေးနိုင်ပါပြီ။
ဝက်ရူးပြန်ခြင်းအတွက် မှတ်တမ်းပြုလုပ်ထားပါ။
အတက်ရောဂါရှိနေတဲ့ လူတစ်ယောက်ကို စောင့်ရှောက်တော့မယ်ဆိုရင် အကြံကောင်းတစ်ခုကတော့ ဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဖြစ်ဖြစ်သမျှကို မှတ်တမ်းတင်ထားဖို့ပါပဲ။ မှတ်တမ်းတင်ထားရမယ့် အရာတွေကတော့ တက်တဲ့အချိန်ကာလ၊ ဝက်ရူးမပြန်ခင်၊ ပြန်နေချိန်နှင့် ပြန်နေပြီး အချိန်တွေမှာ ဖြစ်သွားတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ထိုသို့မှတ်တမ်းတင်ပေးထားခြင်းက အာရုံကြောပညာရှင်တွေ ဝက်ရူးပြန်ခြင်းအစပျိုးပုံကို ဆုံးဖြတ်တဲ့နေရာမှာ အကူအညီပေးနိုင်မှာပါ။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ သင်နဲ့သင့်လူနာဟာ ဝက်ရူးပြန်တာကို ခန့်မှန်းထားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူ့အတွက် သင်ပြင်ဆင်ထားတယ်ဆိုတာ သိနေစေခြင်းက စိတ်သက်သာရာရစေနိုင်ပါတယ်။ ဝက်ရူးပြန်မှတ်တမ်းအကူအညီဖြင့် တက်ပုံတက်နည်း၏ ပုံသေပုံစံတစ်ခုရှိ၊မရှိကို ကြည့်ဖို့ အခွင့်အရေးလေးရနိုင်ပါတယ်။
သင့်ကိုယ်သင်ဂရုစိုက်ပါ။
ဝက်ရူးပြန်လူနာကို အကောင်းဆုံစောင့်ရှောက်မှုပေးချင်တယ်ဆိုရင်တော့ သင့်ကိုယ်သင်ဂရုစိုက်ဖို့မမေ့ပါနှင့်။ မိမိကျန်းမာရေးတောင် ဂရုမစိုက်နိုင်ဘဲနဲ့ တခြားလူကျန်းမာရေးကို ဂရုစိုက်ပေးနိုင်မှာမဟုတ်ပါဘူး။ ပင်းပန်းနေမယ်ဆိုရင် အနားယူလိုက်ပါ။ အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ သင့်ဘဝအတွက် အချိန်ပေးနိုင်ပါတယ်။ အခြားတစ်ဖက်မှပြောမယ်ဆိုရင် သင့်ဘဝလည်း မဆုတ်ယုတ်၊ လူနာကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဝက်ရူးပြန်ရောဂါနှင့် ပတ်သတ်သော ရှေးဦးသူနာပြုနည်းလမ်းဖြင့် လုပ်ဆောင်ပါ။
ဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတမရှိရင်တော့ အတက်ရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ပေးနိုင်မှာမဟုတ်ပါဘူး။ သင်သိဖို့လိုတာကတော့ ဝက်ရူးပြန်၏ ရှေးဦးသူနာပြုနည်းလမ်းပါပဲ။ ပထမဦးစွာ လူနာကို စောင်းအိပ်စေပြီး ထိခိုက်မှုမရှိအောင် ခေါင်းအောက်သို့ ပျော့သောအရာဖြင့် ထိုးထည့်ထားပါ။ အမှန်တရားကတော့ တက်နေတဲ့လူတစ်ယောက်ဟာ သူ့လျာကို မမျိုချပြစ်နိုင်ပါဘူး။ လူနာ့ပါးစပ်ထဲကို အရာဝတ္ထုတွေ အတင်းထိုးမထည့်ရပါဘူး။ ထည့်မယ်ဆိုရင် သွားကျိုးခြင်း၊ သွားပဲ့ခြင်း၊ သွားဖုံးပေါက်ခြင်းနဲ့ မေးရိုးကျိုးခြင်းတို့လိုမျိုး ထိခိုက်ဒဏ်ရာတွေ ပိုဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်နေတဲ့လူကို ချုပ်ထားခြင်းကလည်း မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။
ဝက်ရူးပြန်လူနာ၏ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ သူတို့ရောဂါကို ကူညီရင်ဆိုင်ပေးနိုင်ဖို့ အသိပညာတွေရှိထားသင့်သလို ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ အခက်အခဲတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး အကြံဉာဏ်ကောင်းတွေ ရယူသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















