အတက်ရောဂါရှိတယ်ဆိုတာဟာ သင်လွတ်လွတ်လပ်လပ်မနေနိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းနေရတဲ့ အချိန်မှာ အတက်ရောဂါကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာသိပြီး ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် အတော်အသင့် အမှီအခိုကင်းမဲ့တဲ့ လွတ်လပ်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။
၁။ ယေဘုယျအချက်များ
တစ်ယောက်တည်းနေတဲ့အချိန် အတက်ရောဂါဖောက်တယ်ဆိုဟာ တော်တော်လေးအန္တရယ်များပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ သတိပြုရန်အချက်များကို လိုက်နာပြီး အမှီအခိုကင်းမဲ့တဲ့ ကျန်းကျန်းမာမာဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လိုအပ်သော အရာတွေကို ပြုလုပ်နေမယ်ဆိုရင် အတက်ရောဂါဆိုတာ သင်ကြောက်သင့်တဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး။
သင့်အတွက် အကြံအဉာဏ်အချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
– တက်နေတဲ့အချိန်မှာ ပြုတ်ကျတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ နည်းပါးသွားအောင် လှေကားမရှိတဲ့ တိုက်ခန်းတို့၊ အိမ်တို့ကို ရှာဖွေသင့်ပါတယ်။
– လဲကျတဲ့အခါမှာ ထိခိုက်မှုမရှိအောင် စားပွဲစောင်းနဲ့ အခြားပရိဘောဂတွေကို ပျော့တဲ့အရာတွေကပ်ထားပေးပါ။
– အစီအစဉ်တွေ ချထားပါ။ သို့မှသာ အကူအညီလိုအပ်တဲ့အခါ မိသားစု၊ မိတ်ဆွေ၊ အိမ်နီးနားချင်းတွေကို အလွယ်တကူ အသိပေးနိုင်မှာပါ။ မထိန်းချုပ်နိုင်တဲ့ ဝက်ရူးပြန်ခြင်းမျိုးရှိမယ်ဆိုရင် သင်အိမ်ပြင်ရောက်နေတဲ့အခါမှာ အသိပေးနိုင်မယ့် အချက်ပေးစက် ဒါမှမဟုတ် ဖုန်းစနစ်တေ ပြုလုပ်ထားပေးပါ။
– သတိပေးမှတ်စုတွေရေးထားပါ။ အသိပေးရမယ့်အရာတွေကို ပြက္ခဒိန်၊ ရေခဲသေတ္တာ၊ ဆေးဘူးနဲ့ အလွယ်မြင်တွေ့နိုင်မယ့် ပစ္စည်းတွေအပေါ်မှာ ရေးမှတ်ထားပါ။
– သောက်ရမယ့်ဆေးဘူးကိုလည်း တစ်ပတ်စာ အတက်ရောဂါအတွက်ဆေးတွေ ဖြည့်ထားပါ။ တစ်ပတ်ပြည့်သွားလို့ ဆေးတွေမကုန်ပဲ ကျန်နေတယ်ဆိုရင် ပုံမှန်လမ်းကြောင်းအတိုင်း ဘယ်လိုပြန်သောက်ရမယ်ဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပါ။
၂။ ရေချိုးခန်းနှင့် မီးဖိုချောင်တို့တွင် ပြုလုပ်ရမည့် အရာများ။
ရေချိုးခန်းနဲ့ မီးဖိုချောင်တို့ဟာ အတက်ရောဂါရှိတဲ့ လူတွေအတွက် အန္တရယ်ရှိကြပါတယ်။ အတက်ရောဂါဖောက်ပြီးနောက် လူတော်တော်များများဟာ စိတ်တွေရှုပ်ထွေးပြီး ထိခိုက်မှုအန္တရယ်တွေ ရှိလာနိုင်ပါတယ်။ မတော်တဆမှုတွေ ဖြစ်နိုင်ခြေနည်းအောင် ပြုလုပ်နိုင်မယ့် အရာများစွာရှိပါတယ်။
သင့်မီးဖိုချောင်တွင်ပြုလုပ်ရမယ့်အရာများ။
– ထမင်းချက်တဲ့အချိန်မှာ လက်အိတ်အထူတွေသုံးပါ။ အကာအရံတွေရှိတဲ့ မီးဖိုတွေကို အသုံးပြုသင့်ပါတယ်။
– ဖြစ်နိုင်မယ်ဆိုရင် လျှပ်စစ်မီးဖိုကိုသာ အသုံးပြုပေးပါ။
– မိုက်ခရိုဝေ့မီးဖိုနဲ့ ချက်တာကတော့ ဘေးအကင်းဆုံးပါပဲ။ မီးဖိုနဲ့ ချက်ပြုတ်ခြင်းကို ရှောင်ကျဉ်ပေးပါ။
– အစားအသောက်တွေ ထမင်းစားပွဲကိုပို့ဖို့ တွန်းလှည်းလေးအသုံးပြုပေးပါ။ ပူတဲ့အစားအသောက်တွေ သင့်အပေါ်မဖိတ်ကျအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
ရေချိုးခန်းထဲတွင် ပြုလုပ်ရမည့်အရာများ။
– သင်ဝက်ရူးပြန်ပြီး မတော်တဆ အပူချိန်များအောင် လုပ်လိုက်လျင် အပူလောင်ခြင်းမှ ရှောင်ကျဉ်နိုင်အောင် ရေဘုံဘိုင်ခေါင်းတွေ၊ ရေပန်းခေါင်းတွေမှာ အပူထိန်းတဲ့ကိရိယာလေးတပ်ထားပေးပါ။
– ရေချိုးခန်းမှာ လော့ခ်ချလို့ရတဲ့တံခါးမထားပါနှင့်။ ရှိနေရင်လည်း လော့ခ်မချထားပါနှင့်။ သို့မှသာ သင်အကူအညီလိုရင် တစ်ယောက်ယောက်ဝင်လာနိုင်မှာပါ။
– ရေချိုးခန်းထဲမှာ ပျော့ပြောင်းပြီး ချော်မလဲစေတဲ့ ကော်ဇောတွေခင်းထားပါ။
ကိုယ်လက်လှုပ်ရှားလုပ်တဲ့ အချိန်မှာ ဘေးကင်းအောင် ဘယ်လိုလုပ်ရမလဲ
အတက်ရောဂါဟာ အချိန်မှန်မှန်လေးဖြစ်တတ်မယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုတွေကို တက်နိုင်ခြေအနည်းဆုံးအချိန်မှာ ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အပူမလွန်အောင်ဂရုစိုက်ပါ။ ရေများများသောက်ပြီး ရေဓါတ်ပြည့်ဝနေအောင်လည်း နေပါ။
ကိုယ်လက်လေ့ကျင့်ခန်းအသစ်အသစ်တွေ မပြုလုပ်ခင်မှာ အာရုံကြောအထူးကုတွေနဲ့ ဆွေးနွေးပေးပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။