brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ကဘာလဲ။

ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်းဆိုတာ ဦးနှောက်မှ ရုပ်ပိုင်းဆိုင်ရာအာရုံများကို လက်ခံတုံ့ပြန်ရာမှာ ပြဿနာရှိခြင်းဖြစ်တယ်။ လတ်တလောမှာ သိသာထင်ရှားတဲ့ရောဂါတစ်မျိုးမဟုတ်သေးပေမယ့် အခြေအနေတော်တော်များများကို ခြုံငုံဖော်ပြလို့ရတဲ့ အခေါ်အဝေါ်တစ်မျိုးတော့ဖြစ်ပါတယ်။

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း)

တချို့ကတော့ ဒီအခြေအနေဟာ ပတ်ဝန်းကျင်မှာကြုံရတဲ့ အရာတွေကို လက်ခံတုံ့ပြန်မှုလွန်ကဲခြင်းလို့ဆိုကြတယ်။ သာမန်အသံလေးတွေက အလွန်ကျယ်လောင်နာကျင်စေတယ်၊ ရှပ်အင်္ကျီနဲ့အသာရှပ်ထိသွားခြင်းက အရေပြားပွန်းရှသွားစေတယ် စသည်ဖြင့်ပေါ့။ နောက်ထပ်အခြေအနေတွေကတော့-

  • ချိတ်ဆက်လုပ်ဆောင်မှုများမလုပ်နိုင်ခြင်း
  • ပစ္စည်းများနှင့်ဝင်တိုက်မိခြင်း
  • ခြေလက်အနေအထားမည်သို့ရှိသည်မသိခြင်း
  • စကားပြောဝိုင်းများ၊ ကစားပွဲများတွင်မဝင်ဆံ့နိုင်ခြင်း

ကလေးတွေမှာများသောအားဖြင့် တွေ့ရတတ်ပြီး လူကြီးတွေမှာလည်းထိခိုက်နိုင်ပါတယ်။ ကြီးထွားမှုဆိုင်ရာရောဂါတွေမှာ တွေ့ရတတ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်းဟာ တစ်ခုထဲဖြစ်တတ်တဲ့ရောဂါမဟုတ်ဘူးလို့ဆိုပေမယ့် ကျွမ်းကျင်သူအများစုကတော့ ထိုအချက်ပြောင်းသင့်ပြီလို့ ထင်ကြပါတယ်။

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပြီး ရောဂါဖြစ်ဖို့အားပေးတဲ့အချက်တွေကို ရှောင်ကြဉ်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်နိုင်တယ်။

လက္ခဏာများ

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကြားအာရုံ၊ အထိအတွေ့အာရုံ၊ အရသာအာရုံ စသည်ဖြင့် အာရုံတစ်ခုထဲထိခိုက်နိုင်သလို အာရုံခံခြင်းအများအပြားထိခိုက်တာလည်းဖြစ်နိုင်ပါတယ်။

အာရုံများကိုလျော့ပြီးတုံ့ပြန်ခြင်း သို့မဟုတ် ပိုပြီးတုံ့ပြန်ခြင်းတွေ ဖြစ်နိုင်တယ်။

ကလေးတချို့မှာ ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်လေးတွေလေတိုးလို့လှုပ်ရှားသံကြားတဲ့အခါ စားပွဲအောက်ဝင်ပုန်းခြင်း၊ အန်ခြင်း၊ ထိတွေ့သောအခါ အော်ဟစ်ခြင်း၊ အစားအစာတချို့၏ အထိအတွေ့ကို ထိတ်လန့်ခြင်း စသည်ဖြင့်တုံ့ပြန်ခြင်းလွန်ကဲတတ်သော်လည်း တချို့ကလေးတွေမှာတော့ တုံ့ပြန်ခြင်းမရှိတာမျိုးဖြစ်နိုင်ပါတယ်။ အပူအအေးလွန်ကဲခြင်းတွေ၊ နောက်ဆုံးနာကျင်မှုကိုတောင်မှ တုံ့ပြန်မှုမရှိတာမျိုးဖြစ်နိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းနေသော ကလေးငယ်တွေဟာ ငယ်စဉ်မှာဂျီကျတတ်သောကလေးလေးမှ အသက်ကြီးလာတာနဲ့အမျှ ကြောင့်ကြစိုးရွံနေတတ်သောကလေးငယ်တွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။

ထိုကဲ့သို့ကလေးတွေဟာ ပြောင်းလဲမှုတွေကိုလည်း ကောင်းကောင်းမကိုင်တွယ်တတ်ပါဘူး။ မကြာခဏအော်ဟစ်သောင်းကျန်းတတ်ကြပါတယ်။

ကလေးအများစုမှာ ထိုကဲ့သို့လက္ခဏာတွေရှိတတ်ပေမယ့် ဆရာဝန်တွေက နေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာကို ထိခိုက်လောက်သည်အထိ လက္ခဏာတွေပြင်းထန်မှသာ ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းလို့သတ်မှတ်ကြပါတယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိရင် သို့မဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်က မတူညီတဲ့အတွက် သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်းကိုဖြစ်စေသော အကြောင်းအရင်းတွေကတော့ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ထိုရောဂါရှိသော အမြွှာလေးမှာ အလင်းနဲ့အသံတွေကို ပိုမိုတုံ့ပြန်ခြင်းဟာ မျိုးရိုးဗီဇနှင့်ဆိုင်ကြောင့် တွေ့ရှိလာရပါတယ်။

တခြားလေ့လာစမ်းသပ်မှုတွေကတော့ ကလေးငယ်တွေဟာ အလင်းနဲ့အသံတွေကို စဉ်ဆက်မပြတ်ထိတွေ့တဲ့အခါ ထိုရောဂါဖြစ်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။

နောက်ထပ်လေ့လာမှုတွေကတော့ ထိုရောဂါရှိသော ကလေးငယ်တချို့ဟာ ပွတ်သပ်ပေးခြင်းတွေ၊ အသံကျယ်ကျယ်တွေကို ပြင်းထန်စွာတုံ့ပြန်တတ်ပေမယ့် တချို့တော့အလျင်အမြင်အသားကျသွားတတ်တယ်လို့လည်း ဆိုကြပါတယ်။

ဖြစ်နိုင်ခြေများ

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရောဂါဖြစ်စေရန်အားပေးသောအချက်များ

  • မိခင်ချို့တဲ့ခြင်း
  • နေ့မစေ့လမစေ့မွေးခြင်း
  • ကိုယ်ဝန်ဆောင်ချိန်အာဟာရမပြည့်ဝခြင်း

ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်းကို မိဘမဲ့ဂေဟာမှမွေးစားထားသောကလေးများမှာအတွေ့များပြီး အသက် ၂ နှစ်မတိုင်မီ မကြာခဏနားရောဂါပိုးဝင်ဖူးသောကလေးတွေမှာ တေ့ွရများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချိန်မှာတိကျစွာရှာဖွေတွေ့ရှိနိုင်တဲ့ရောဂါမဟုတ်သေးပါဘူး။

Sensory Processing Disorder (ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှုချို့ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါအဖြစ်အတည်ပြုနိုင်မယ့် သတ်မှတ်ချက်တွေမရှိသေးပေမယ့် ကုသလို့တော့ရပါတယ်။

ကုသမှုက ကလေးတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ယေဘုယျအားဖြင့်တော့ ကလေးတွေကို သူတို့အဆင်မပြေတဲ့ လုပ်ငန်းဆောင်တာတွေမှာ ပိုကောင်းကောင်းလုပ်ဆောင်နိုင်လာအောင် ကူညီပေးခြင်း၊ မကိုင်တွယ်နိုင်သောအရာများနှင့် ကျင့်သားရအောင်ကူညီခြင်းတို့ပါပါတယ်။

အာရုံခံစားမှုပြုပြင်ခြင်းလို့ခေါ်ပြီး ဦးတည်ချက်တော့ ကလေးငယ်တွေကို ပုံမှန်အတိုင်းအာရုံခံစားသိရှိပြီး တုံ့ပြန်နိုင်အောင် ပျော်ရွှင်စရာကောင်းသောနည်းဖြင့် စိန်ခေါ်လုပ်ဆောင်ခြင်းဖြစ်တယ်။

ကုသမှုအချိန်ကတော့ ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဥပမာ တကယ်လို့ ကလေးတစ်ယောက်က အသံနဲ့ထိတွေ့မှုတွေကို တုံ့ပြန်မှုအားနည်းနေတယ်ဆိုရင် ထိုကစားပေးသောအချိန်ရဲ့ ဒုတိယပိုင်းမှာ မိဘတွေအနေနဲ့ ပိုတက်ကြွရမှာဖြစ်တယ်။

တကယ်လို့ထိတွေ့မှုတွေ အသံတွေကို ပိုပြီးတုံ့ပြန်နေတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ညင်သာစွာချော့မြှူပေးဖို့လိုပါလိမ့်မယ်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းတွေဟာ ကလေးငယ်တွေကို ရှေ့ဆက်ဖို့ကူညီပေးပြီး သူတို့ခံစားနေရသော အခြေအနေအတွက်လည်း အထောက်အကူဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုနည်းများ

ထိုရောဂါခံစားနေရသော ကလေးငယ်များအတွက် စားသောက်မှုပုံစံအကြံပြုချက်များ –

  • သကြားဓါတ်များဖယ်ပစ်ခြင်း
  • တိတ်ဆိတ်ငြိမ်သက်သော စာကြည့်နေရာဖန်တီးပေးခြင်း
  • လုပ်ငန်းဆောင်တာများအတွက် အချိန်ပိုပေးခြင်း
  • ရရှိလာသော သတင်းအချက်အလက်များကို သိရှိပြီး ခွဲခြားတတ်အောင်သင်ကြားပေးခြင်း

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Aye Myat Myat Noe · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။