brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု

Multiple Sclerosis ဆိုတာက အာရုံကြောချို့ယွင်းတဲ့ဝေဒနာ တစ်မျိုးပါ။ မိုင်လင်အလွှာပျက်သည့်ရောဂါ ဒါမှမဟုတ် အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စကားပြောဆိုမှုထိန်းမနိုင်တဲ့ရောဂါ တစ်မျိုးပါ။ ဒီတစ်ခါ ဖော်ပြချင်တာကတော့ ဒီရောဂါကို ကာကွယ်ပေး နိုင်တဲ့ အစားအစာ တွေ အကြောင်းပါ။

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု

Multiple Sclerosis ဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ အာရုံကြောစနစ်ထဲက နယူရုန်းဆိုတဲ့ မြင်၊ သိ၊ ကြား၊ ခံစားချက်တွေကို သိနားလည်စေတဲ့ အစိတ်အပိုင်း ပျက်ယွင်းလာတဲ့ အခြေအနေကိုဆိုလိုတာပါ။

ဒီရောဂါဟာအလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အေးသောရာသီတွင် ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ်နှင့် ၆၀ ကြား အသက်ငယ်သူတွင်ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။

Multiple Sclerosis ဝေဒနာခံစားရပြီဆိုရင် အောက်ပါရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပြီးတော့ တစ်ခုထက်ပိုပြီး ကြုံရနိုင်ပါတယ်။

  • မျက်စိဝါးခြင်း သို့မဟုတ် နှစ်ထက်မြင်ခြင်း၊
  • စဉ်းစားမှုဆိုင်ရာပြဿနာများ၊
  • ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊
  • ညီမျှမှုမထိန်းနိုင်ခြင်း၊
  • ထုံခြင်း၊
  • ကျဉ်ခြင်း၊
  • လက်သို့မဟုတ် ခြေထောက်များအားနည်းခြင်း၊
  • ဆီးမထိန်းနိုင်ခြင်း စတာတွေပါပဲ။

ဒီရောဂါကိုကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါ အစားအစာတွေကို မှီဝဲစားသောက်ပြီး ကာကွယ်နိုင်ပါတယ်။

  • နနွင်း – နနွင်းက ဒီအတိုင်းမှီဝဲဖို့တော့ မလွယ်ပါဘူး။ အစားအသောက်တွေ ချက်ပြုတ်ရာမှာ ထည့်သွင်း မှီဝဲနိုင်ပါတယ်။
  • ဗီတာမင် D ဓာတ်ကြွယယ်ဝသော အစားအစာများ – ပင်လယ်ငါးတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ခဲတွေ၊ စီရီယယ်တွေနဲ့ လိမ္မော်ရည်တွေမှာ ဗီတာမင် D ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။
  • လတ်ဆတ်သော သစ်သီးဝလံများ – နေ့စဉ်လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို မှီဝဲပေးတာလည်း Multiple Sclerosis ကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။
  • ချင်း – ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ချင်းဟာ Multiple Sclerosis ကို ကာကွယ်ရာမှာလည်း အကျိုးပြုပါတယ်။
  • အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ – Fiber လို့ခေါ်တဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ Multiple Sclerosis ဝေဒနာမကြုံရအောင် ကူညီပေးနိုင်ပါတယ်။ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်လောက် မှီဝဲပေးသင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။
  • လက်ဖက်စိမ်း – လက်ဖက်စိမ်းရေနွေးကြမ်းလေးကို နေ့စဉ်မှီဝဲပေးရင် Multiple Sclerosis သာမက ကိုယ်အလေးချိန်လည်း ကျစေဦးမှာပါ။
  • နို့ထွက်ပစ္စည်းများ – နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်နဲ့ တခြားသော နို့ထွက်ပစ္စည်းတွေဟာ Multiple Sclerosis ကို ကာကွယ်ပေးနိုင်ပါတယ်။ ပဲပိစပ်၊ ဆန်၊ အုတ်ဂျုံစတာတွေနဲ့ တွဲဖက်မှီဝဲရင်ပိုပြီးအကျိုးရှိစေပါတယ်။
  • အဆီဓာတ်ပါဝင်သော ငါးများ – ငါးတန်တို့ ငါးမြင်းတို့လိုငါးမျိုးတွေသာမက Omega-3 Fatty Acids ဓာတ်ကြွယ်ဝတဲ့ မာခရီယယ်၊ တူနာ၊ ဆာဒင်းနဲ့ ဆဲလ်မွန်ငါးတွေဟာ Multiple Sclerosis ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၀ ဂရမ်လောက် မှီဝဲပေးဖို့လိုအပ်ပါတယ်။
  • ပရိုတိန်းဓာတ်ကြွယ်ဝသော အစားအစာများ – အသားနဲ့ ပဲတို့လိုမျိုး ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုလဲ မှီဝဲပေးနိုင်ပါတယ်။
  • ဂျုံနဲ့ စပါး – ဂျုံ၊ စပါးနဲ့ အနှံတွေကို အခြေခံပြီးပြုလုပ်ထားတဲ့ အစားအစာတွေဟာလည်း Multiple Sclerosis ကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။
Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။