brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Dyggve-Melchior-Clausen syndrome (Dyggve-Melchior-Clausen ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dyggve-Melchior-Clausen ရောဂါစု ဆိုတာဘာလဲ။

Dyggve-Melchior-Clausen syndrome ဆိုတာ အရမ်းရှားတဲ့ အချိန်ကြာတာနဲ့အမျှ ပိုပိုပြီးဆိုးလာတဲ့ မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အရိုးဖွဲ့စည်းမှုနဲ့ ဦးခေါင်းသေးခြင်း၊ ပညာ သင်ကြားရာများတွင် ခက်ခဲခြင်းလက္ခဏာများနဲ့လာပါတယ်။

Dyggve-Melchior-Clausen ရောဂါစု ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Dyggve-Melchior-Clausen syndrome ဆိုတာအရမ်းကိုရှားပါတယ်။ ဒီနေ့ထိ case 100လောက်သာရှိပါသေးတယ်။ အခြားအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ

Dyggve-Melchior-Clausen ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Dyggve-Melchior-Clausen syndrome နဲ့ မွေးလာတဲ့ မွေးကင်းစကလေးတွေဟာ ပုံမှန်မဟုတ်ပဲ အရမ်းသေးနေခြင်းရှိနိုင်သလို ပုံမှန်အခြေအနေနဲ့ ဖြစ်နိုင်ပါတယ်။ ကလေးကအသက်ကြီးလာတာနဲ့အမျှ Dyggve-Melchior-Clausen syndrome က စပြီး ဖြစ်ပွားလာပါတယ်။ ကလေးအသက် ၂နှစ်လောက်ရောက်တဲ့အခါမှာတော့ ကလေးဟာ ရင်ဘတ်ရိုးပုံစံဟာ စည်ပိုင်းလိုပုံစံဖြစ်ပြီး စပြီးပုံပျက်လာတတ်ပါတယ်။ ကလေးဟာ အစားအစာ စားတဲ့အခါပြသနာရှိခြင်း၊ သူရောက်ရမယ့် ကြီးထွားဖွံ့ဖြိုးမှုအခြေအနေကို မရောက်နိုင်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ အသက်၂နှစ်နောက်ပိုင်းမှာအရိုးဖွဲ့စည်းပုံပြောင်းလဲခြင်းတွေနဲ့ စတင်ဖော်ပြလာပါတယ်။Dyggve-Melchior-Clausen syndrome ရှိတဲ့ကလေးတွေမှာ အခြားသော ပုံပျက်မှုတွေဖြစ်တဲ့ ပုံမှန်မဟုတ်ပဲ ဦးခေါင်းအလွန်သေးခြင်း၊ ဦးခေါင်းခွံရိုးရှည်ခြင်း၊ အောက်မေးရိုးကရှေ့ကို ထွက်နေခြင်းတို့နဲ့ တွေ့နိုင်ပါတယ်။ ကလေးက ကြီးလာတာနဲ့အမျှ ကလေးဟာ သင်ကြားရခက်လာခြင်းတွေ ရှိလာပြီးအချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။Dyggve-Melchior-Clausen syndrome ဟာ အရမ်းဆိုးတာတွေရှိသော်လည်းပဲ ဖြစ်တဲ့ကလေးကတော့ များသောအားဖြင့်ကျန်းမာရေးအရ ကောင်းတတ်ပြီး လူကြီးဘဝထိရောက်အောင်တော့ အသက်ရှင်ကြပါတယ်။ ဒါ့အပြင် ခါးရိုး ကောက်ခြင်း၊ ကုန်ခြင်း၊ ကွေးခြင်းတွေကလည်း ဒီရောဂါရဲ့ လက္ခဏာများဖြစ်ပါတယ်။ ဒီရောဂါရှိတဲ့ကလေးတွေဟာ ပုံမှန်မဟုတ်တဲ့ carpel bones တွေပုံစံတွေ ရှိနိုင်ပါတယ်။ အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေကDyggve-Melchior-Clausen ရောဂါစုဖြစ်ပွားစေသလဲ။

Dyggve-Melchior-Clausen syndrome ကို dymeclin မျိုးရိုးဗီဇ ပုံမမှန်ခြင်းကြောင့် ဖြစ်စေပါတယ်။ ဒီမျိုးရိုးဗီဇရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ homeostasis နှင့် Golgi apparatus ကို ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ပရိုတင်းတွေကို Golgi Apparatus ထဲကို ရွေ့စေခြင်းတို့ဖြစ်ပါတယ်။ dymeclin မျိုးဗီဇကို ပုံပျက်စေခြင်းနဲ့ ပရိုးတင်းဓါတ်တွေ ကုန်စေခြင်း သို့မဟုတ် မရှိသလောက်နီးနီး ကုန်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် Dyggve-Melchior-Clausen syndrome ကိုရရှိစေပါတယ်။Dyggve-Melchior-Clausen syndrome က autosomalRecessive ပုံစံကိုလိုက်ပါတယ်။ အထူးသဖြင့် ဒီလိုကလေးတွေဟာ မိဘတွေက သွေးသားရင်းချင်းလက်ထပ်လို့ဖြစ်ခြင်းသို့မဟုတ် မိဘတွေက တစ်ယောက်နဲ့တစ်ယောက်သွေးနီးလို့ ဖြစ်ရခြင်းမျိုးတွေဖြစ်ကြပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေကDyggve-Melchior-Clausen ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Dyggve-Melchior-Clausen ရောဂါစုဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

DMC syndrome ကို ဆေးပညာအရ ရှာဖွေဖော်ထုတ်ခြင်း၊လူနာကို ဆေးပညာနောက်ကြောင်းဆိုင်ရာမေးခွန်းများမေးခြင်း၊ ထူးခြားတဲ့လက္ခဏာများ(ဥပမာ စည်ပိုင်းပုံရင်ဘတ်ရှိခြင်း၊ အချိုးမကျတဲ့ အရပ်ပုံစံရှိခြင်း) တို့ကြောင့် ရောဂါကိုရှာထုတ်နိုင် ပါတယ်။ DMC syndrome ကို ဓါတ်မှန်ရိုက်ခြင်းနဲ့ အရိုးဖွဲ့စည်းပုံမမှန်ခြင်းတို့ကို ရှာနိုင်ပါတယ်။ မျိုးရိုးဗီဇစစ်ဆေးခြင်းနဲ့လည်း ရောဂါရှာ အဖြေထုတ်နိုင်ပါတယ်။

Dyggve-Melchior-Clausen ရောဂါစုကို ဘယ်လိုကုသလဲ။

Dyggve-Melchior-Clausen syndrome ရှိတဲ့လူနာတွေအတွက်ကုသမှုက အဲ့လိုလူနာတွေရဲ့ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ကူညီထောက်ပံ့တဲ့ကုသမှုပေးရပါတယ်။ ဒီအခြေအနေအတွက် အရှင်းပျောက်စေတဲ့ ကုသမှုမရှိပါဘူး။ ကျောရိုးမကြီးတစ်လျှောက် မှာထိပ်ဆုံးမှာရှိတဲ့ ကျောရိုးကိုဆက်ပေးခြင်း သို့မဟုတ် ကျောရိုးမကြီးကို ငြိမ်နေအောင်ကုသမှုပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ နောက်ထပ်လိုအပ်တဲ့ခွဲစိတ်ကုသတဲ့နည်းလမ်းတွေကတော့ ပုံမှန်မဟုတ်တဲ့အရိုးဖွဲ့စည်းပုံမမှန်တဲ့ ပခုံးရိုး၊ ပေါင်ရိုးအဆစ်လွဲခြင်းတွေကိုမှန်ကန်အောင်ပြုပြင်ပေးခြင်းတို့ ကုသမှုပေးနိုင်ပါတယ်။ တစ်ချို့သော အခြေအနေတွေကတော့ ပေါင်ရိုးကို အစားထိုးခြင်းတွေလိုအပ်နိုင်ပါတယ်။ Dyggve-Melchior-Clausen syndrome ရှိတဲ့ကလေးတွေမှာ စောစီးစွာ ကုသမှုပေးခြင်းနဲ့ ပညာရေးအတွက် အထူး ပရိုဂရမ်တွေလုပ်ပေးပါက ပိုပြီးအကျိုးရှိနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကDyggve-Melchior-Clausenကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Sandy Kyaw · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။