Dandy-Walker ရောဂါစုဆိုတာ ဘာလဲ။
Dandy-Walker ရောဂါစုဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ငယ် (cerebellum) နဲ့ ၎င်းရဲ့အနီးတဝိုက်က အရည်ပြည့်နေတဲ့အခန်းငယ် (ventricles) တွေ မွေးရာပါချို့ယွင်းနေတဲ့ ရောဂါစုတစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။
ဒီရောဂါစုရဲ့ အဓိကလက္ခဏာရပ်တွေကတော့ ဦးနှောက်အထက်ပိုင်း၊ အောက်ပိုင်းနဲ့ အာရုံကျောမကြီးတို့အကြား cerebrospinal fluid အရည်ကြည်တွေ စီးဆင်းသွားလာနေတဲ့ စတုတ္ထအခန်းငယ် ပုံမှန်ထက်ကြီးနေခြင်း၊ ဦးနှောက်ခြမ်းနှစ်ခုကြားက cerebellar vermis အစိတ်အပိုင်း တစ်ဝက်တစ်ပျက် သို့မဟုတ် လုံးဝပါမလာခြင်း၊ ဦးခေါင်းခွံအောက်ခြေနားမှာ ရေအိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ပတ်ပတ်လည်မှာ အရည်ပြည့်ဖောင်းပြီး ဦးခေါင်းကြီးတဲ့ပြဿနာ (hydrocephalus) လည်း ဖြစ်ပေါ်နိုင်ပါတယ်။
Dandy-Walker ရောဂါစု ခံစားနေရသူတွေမှာ အဆိုပါလက္ခဏာရပ်တွေ ရုတ်တရက်ပေါ်လာနိုင်သလို လုံးလုံးသတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Dandy-Walker ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
ခန့်မှန်းချေအားဖြင့် Dandy-Walker ရောဂါစုကို မွေးကင်းစကလေးငယ် အယောက် ၁၀၀၀၀ ကနေ ၃၀၀၀၀ မှာ တစ်ယောက်နှုန်း တွေ့ရှိနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အစောပိုင်းလက္ခဏာများ
နှောင်းပိုင်းလက္ခဏာများ
အခြားလက္ခဏာများ
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဘာတွေက Dandy-Walker ရောဂါစု ဖြစ်ပွားစေသလဲ။
ဒီရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ သန္ဓေသားဘဝအစောပိုင်းမှာ ဦးနှောက်ငယ်နဲ့ ၎င်းရဲ့အနီးတဝိုက်က အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုပုံမမှန်ခြင်းပဲ ဖြစ်ပါတယ်။ PHACES ရောဂါစု (မျက်နှာ၊ နှလုံးနဲ့ ရင်ညွန့်ရိုး ပုံမမှန်မှုတွေဖြစ်ပေါ်စေတဲ့ ရောဂါစု) လို မွေးရာပါချို့ယွင်းမှု အများအပြားဖြစ်ပေါ်စေတဲ့ ရောဂါစုတွေကြောင့်လည်း ဒီပြဿနာဖြစ်ပွားနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။
Dandy-Walker ရောဂါစုဟုတ်မဟုတ် အာလ်ထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန် (CT scan) နဲ့ သံလိုက်ဓါတ်မှန် (MRI) ရိုက်ကြည့်ခြင်းအားဖြင့် အဖြေရှာအတည်ပြုနိုင်ပါတယ်။ အချို့ကလေးငယ်တွေကို မိခင်ဝမ်းထဲကမထွက်ခင် သန္ဓေသားဘဝမှာကတည်းက အာလ်ထရာဆောင်း ဒါမှမဟုတ် သံလိုက်ဓါတ်မှန် ရိုက်ကြည့်ခြင်းအားဖြင့်လည်း ကြိုတင်ခန့်မှန်းနိုင်ပါတယ်။
Dandy-Walker ရောဂါစုကြောင့် ဦးနှောက်ပတ်ပတ်လည်မှာ အရည်ပြည့်ဖောင်းပြီး ဦးခေါင်းကြီးလာတဲ့အခြေအနေကို ခွဲစိတ်ကုထုံးအကူအညီနဲ့ ကုသနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က လူနာရဲ့ဦးခေါင်းထဲ ပြွန်ငယ်တစ်ချောင်းထည့်သွင်းပြီး အထဲကအရည်တွေကို စုပ်ယူနိုင်တဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ လမ်းကြောင်းလွှဲပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ကာယကံရှင်ကလေးငယ်ရဲ့ ဘဝသာယာပျော်ရွှင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အသက်မွေးဝမ်းကြောင်း၊ ကာယကုထုံး စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ ပူးပေါင်းပြုစုစောင့်ရှောက်မှုပေးဖို့ လိုအပ်ပါတယ်။
ကလေးငယ်ရဲ့ မိသားစုဝင်တွေအနေနဲ့လည်း မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။