Cauda equina syndrome ဆိုတာ ရှားပါး ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ခဲ့ပါက အရေးပေါ် ခွဲစိပ်ကုသမှု လိုအပ်ပါတယ်။ ထိုရောဂါမှာ တစ်စုံတစ်ခုက ကျောရိုးထဲရှိ အာရုံကြောမ အမြစ်တွေကို ဖိမိနေခြင်းဖြစ်ပါတယ်။ မြန်ဆန်စွာ မကုသပါက ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ ကိုယ်တစ်ပိုင်း/တစ်ခြမ်း အကြောသေခြင်းများ ဖြစ်နိုင်ပါသည်။
ဒီရောဂါဟာ Cauda equina ဟုခေါ်သော အာရုံကြောမ အမြစ်တွေကို ဖိမိခြင်းဖြစ်ပါတယ်။ ထို အာရုံကြောမ အမြစ်များဟာ အာရုံကြောမကြီးရဲ့ အောက်ဘက် ခန္ဓကိုယ်၏ ခါးပိုင်းတွင် ရှိပြီး သူတို့ဟာ ခြေထောက် နဲ့ တင်ပါးဝန်းကျင် အစိတ်အပိုင်းများ ထံမှ အာရုံများ ကိုခံယူသယ်ဆောင်ခြင်းတာဝန် ကို လုပ်ဆောင်ပါတယ်။
ဒီရောဂါဟာ ရှားပါး ပါတယ်။ ကလေးတွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ သို့သော် မွေးရာပါ ကျောရိုးမ ထိခိုက်မှု ရှိသော ကလေးများတွင်လည်း ဖြစ်တတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Cauda equina syndrome တွင် ရောဂါလက္ခဏာများဟာ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်။ အခြား ရောဂါများရဲ့ လက္ခဏာများနဲ့ လည်းဆင်တူပါတယ်။ သို့သော် အောက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန် ထံချက်ချင်း သွားပြသင့်ပါတယ်။
-ပြင်းထန် ခါးနာခြင်း
– ခြေထောက် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းလာခြင်း၊ ခလုတ်မကြာခဏ တိုက်ခြင်း၊ ထိုင်ရထရ ခက်ခြင်း
-ခြေထောက်၊ တင်ပါး၊ ပေါင် နဲ့ ခြေထောက်အနောက်ဘက် တို့တွင် အာရုံခံစားမှု လျော့နည်းလာခြင်း သို့မဟုတ် ပြောင်းလဲလာခြင်း၊ ပိုမိုဆိုးလာခြင်း (ထုံဆေးပေးခံထားရသကဲ့သို့)
-ဆီး/ဝမ်း သွားရခက်ခြင်း သို့မဟုတ် ဆီး/ဝမ်း ကျန်နေသလိုခံစားရခြင်း
-ကာမစွမ်းရည် မပြည့်ဝခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ခါးရိုးဆစ် အရွတ်ပြား ပြင်းထန်စွာ ထိခိုက်ပေါက်ပြဲခြင်း ဟာ Cauda equina syndrome ကိုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ်။
-အာရုံကြောမကြီး နေရာ ကျဉ်းခြင်း
-အာရုံကြောမကြီး တွင် ကင်ဆာအလုံးဖြစ်ခြင်း
-အာရုံကြောမကြီး ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးယိုစိမ့်ခြင်း သို့မဟုတ် ထိခိုက်မိခြင်း
-ကားအက်စီးဒင့်၊ သေနတ်မှန်ခြင်း၊ ဓါးထိုးခံရခြင်း စသည်တို့ကြောင့် ခါးရိုးပိုင်း ပြင်းထန်ဒါဏ်ရာရခြင်း
-မွေးရာပါ သွေးကြောများ ပုံမမှန်ခြင်း
အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Cauda equina syndrome ဟုတ်မဟုတ်ကို အတည်ပြုရန် ဆရာဝန်က
-ရောဂါရာဇဝင် အသေးစိတ် မေးခြင်း
-အာရုံကြောနှင့် ဆိုင်သော စမ်းသပ်မှုများ ပြုလုပ်ခြင်း
-သွေးဖေါက်စစ်ဆေးခြင်း
-MRI ခေါ် သံလိုက်ဓါတ်မှန် ရိုက်ခြင်း(ကျောရိုးကို 3D ပုံဖြင့်တွေ့မြင်နိုင်ပါတယ်)
-Myelogram- Contrast ဓါတ်ပစ္စည်းတစ်မျိုးကို အာရုံကြောမထဲ ထိုးသွင်းကာ အာရုံကြောများကို ကြည့်နိုင်တဲ့ ဓါတ်မှန် တစ်မျိုးဖြစ်ပါတယ်။
-ကွန်ပြူတာ ဓါတ်မှန် CT ရိုက်ခြင်း
သင့်တွင် Cauda equina syndrome ရှိပါက ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။ ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ ကိုယ်တစ်ပိုင်း/တစ်ခြမ်း အကြောသေခြင်း၊ ကာမစွမ်းရည် မပြည့်ဝခြင်း စသော လက္ခဏာများ ရှိပါက ခွဲစိပ်မှုကို ၄၈ နာရီအတွင်း အမြန်ဆုံး ခံယူသင့်ပါသည်။ သို့မဟုတ်ပါက ပြန်လည်ကုသရန် နည်းလမ်းမရှိတော့သော အခြေအနေ ရောက်သွားနိုင်ပါသည်။ ဒီရောဂါသည် ဖြစ်စေသော အကြောင်းရင်းပေါ်မူတည်ပြီး Steroid ပမာဏ အများကြီးလည်း လိုအပ်နိုင်ပါတယ်။ ထိုဆေးများသည် ရောင်ရမ်းခြင်းကို သက်သာစေပါသည်။ ပိုးဝင်ပါက ပိုးသက်ဆေး လိုအပ်နိုင်ပါတယ်။
အကယ်၍ ထာဝရ အကြော ပျက်စီးမှုများ ဖြစ်သွားပါက ခွဲစိပ်ရုံနှင့် ပြန်လည် မကောင်းမွန်လာ နိုင်ပါ။ ဒီရောဂါဟာ နာတာရှည် သဘောမျိုးဖြစ်ပါတယ်။ သင့်ခန္ဓါကိုယ်မှ ပြောင်းလဲမှုများ ကို အသားကျဖြစ်သွားဖို့ လိုအပ်ပါတယ်။ ခန္ဓကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ ထောက်ပံ့မှုများ လိုအပ်ပါတယ်။
မိသားစုနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ အောက်ပါ တတ်ကျွမ်းသော ပညာရှင်များ ၏အကူအညီရယူခြင်းများ ပြုလုပ်သင့်ပါတယ်။
-occupational or physical therapist
-social worker
-continence advisor
-sex therapist
-cauda equina support group များနှင့် ဆက်သွယ် ဆွေးနွေးခြင်း
-ဆီးနှင့် ဝမ်းသွားခြင်းများ အဆင်မပြေပါက
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။