backup og meta

ADHDဖြစ်နေသော အရွယ်ရောက်ပြီးလူတွေအတွက် နေ့စဉ်ဘဝနေထိုင်နည်းများ

ADHD (Attention deficit hyperactivity disorder ) ဖြစ်နေတဲ့လူတွေဟာ အချိန်ကို စီမံခန့်ခွဲခြင်း၊ စုစုစည်းစည်းလုပ်ခြင်း၊ ဘဝရည်မှန်းချက်ချမှတ်ခြင်း၊ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်းတွေနဲ့ အခြားအခြားသောအရာတွေမှာ အခက်အခဲတွေ ရှိတတ်ကြပါတယ်။ အဲဒါဆိုရင် သူတို့တွေဟာ ရိုးရှင်းလွယ်ကူတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ဘာတွေလုပ်နိုင်ကြမလဲ။

ADHDဖြစ်နေသော အရွယ်ရောက်ပြီးလူတွေအတွက် နေ့စဉ်ဘဝနေထိုင်နည်းများ

ဆုံးဖြတ်ချက်တစ်ခုခုကို သတ်မှတ်ချိန်တစ်ခုခုအတွင်းမှာ ချနိုင်အောင် လုပ်ပါ။

ADHD ရှိတဲလူတွေဟာ ရိုးရှင်းလှပြီး အခြားလူတွေ မိနစ်အတွင်းမှာ ချနိုင်မယ့် ဆုံးဖြတ်ချက်တွေကို တစ်နေကုန် စဉ်းစားဆုံးဖြတ်နေတတ်ကြပါတယ်။ အချိန်ကုန်သက်သာပြီးမြန်ဆန်စေဖို့အတွက် အချိန်သက်မှတ်ချက်တစ်ခု ဒါမှမဟုတ် ခန့်မှန်းခြေတစ်ခု ထားထားပေးပါ။ ဥပမာအားဖြင့် ADHD

ရှိတဲ့သူတစ်ယောက်ဟာ သူ့ကလေးတွေတက်ရမယ့်ကျောင်းကို ရွေးတော့မယ်ဆိုရင် ကန့်သက်ရက်တစ်ခုထားပြီး အဲဒီရက်မတိုင်ခင် အကောင်းဆုံးကျောင်းကို ရွေးချယ်ရပါမယ်။ နောက်ထပ်မတူတဲ့ ဥပမာ တစ်ခုကတော့ ဖိနပ်ဝယ်တော့မယ်ဆိုရင် ဈေးကြီးတာကို ပယ်ပြီး ဈေးချိုတာကို ဝယ်လိုက်ပါ။

အဓိကဖြစ်ချင်တာကတော့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ဈေးကအရေးကြီးတာလား၊ အနုသုခုမက အရေးကြီးတာလား၊ အဆင်ပြေဖို့ အရေးကြီးတာလား၊ လက်တွေ့ကျဖို့အရေးကြီးတာလားဆိုတာ ဆုံးဖြတ်တတ်ဖို့ပါ။ ယင်းအရာတွေပေါ်မှာ အဓိကအာရုံထားပြီး ဆုံးဖြတ်ပါ။

ဗျာမများပါစေနဲ့။

ADHDရှိနေတဲ့လူတစ်ယောက်ဟာ အလုပ်သစ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အလုပ်ဟောင်းကို ဖယ်ရှားပြစ်ပါ။ ဥပမာအားဖြင့် သင်က စာပေအသင်းကို သွားချင်တယ်ဆိုရင် ဂီတအသင်းကနေ ထွက်လိုက်တာ အကောင်းဆုံးပါ။ ADHDသမားတွေဟာ ဗျာများနေတတ်ပြီး အလုပ်တစ်ခုကို ထဲထဲဝင်ဝင်မလုပ်နိုင်တော့တဲ့အပြင် လုပ်နေတဲ့ အလုပ်ကနေလည်း ကျေနပ်မှုကို

ရသင့်သလောက် မရကြပါဘူး။

အရံဆေးဝါးတွေကို ဆောင်ထားပေးပါ။

ဆရာဝန်ပေးထားတဲ့ဆေးတွေ သောက်ပြီးတဲ့ အချိန်တိုင်း ပြက္ခဒိန်မှာ ဒါမှမဟုတ် သင့်အစီအစဉ် ဇယားမှာ ဆေးပြန်ဖြည့်ရမယ့်နေ့ကို မှတ်သားထားပါ။ ကွန်ပျူတာနဲ့ အီးမေးလ်တွေမှာလည်း သတိပေးချက် ထားရှိနိုင်ပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ဆေးဝါးကျွမ်းကျင်သူတစ်ယောက်ကို သတိပေးခိုင်းပါ။ အကောင်းဆုံးကတော့ ဆေးမကုန်ခင် အနည်းဆုံးတစ်ပတ် ကြိုဖြည့်ထားတာပါပဲ။

ADD အကူအညီအဖွဲ့အစည်အား ဆက်သွယ်ပါ။

ဘဝတူတွေနဲ့ ဆုံတွေ့တဲ့အခါမှာ စိတ်အားတော်တော်ရှိသွားမှာပါ။ ဥပမာအားဖြင့် အဖွဲ့ဝင်တွေဟာ ပျင်းစရာကောင်းပြီး ထပ်ကာထပ်ကာ လုပ်နေရတဲ့ စာရင်းအင်းတွေလို အလုပ်တွေ လုပ်နေမယ့်အစား အွန်လိုင်းပေါ်မှာ စကားပြောနိုင်ကြပါတယ်။ တစ်ခါတစ်လေမှာတော့ တစ်ယောက်တစ်လေဟာ အလုပ်ကို ၁၅မိနစ်လောက် ကောင်းကောင်းလုပ်နိုင်ဖို့ ခဏလောက်တော့ စကားဝိုင်းထဲကနေ ထွက်သွားတတ်ကြပါတယ်။ ပြီးနောက် ပြန်လည် ဝင်ရောက် စကားစမြည် ပြောကြပါတယ်။

အဝတ်ဗီရိုကို ရိုးရှင်းစွာထားပါ။

ADHDဖြစ်နေတဲ့လူတွေဟာ အဝတ်တွေများများရှိလေ မနက်တိုင်း ဝတ်ဖို့ ရွေးချယ်ရခက်လေပါပဲ။ ဒါကြောင့်အဝတ်ပိုတွေကို ရှင်းလင်းပြစ်လိုက်တာ အကောင်းဆုံးပါပဲ။ အတိအကျပြောရမယ်ဆိုရင်တော့ အဝတ်သစ်ရှိတာနဲ့ အဝတ်ဟောင်းတွေ ဖယ်ရှားပစ်ရပါမယ်။

သင့်မှာ ADHD ရှိမယ်ဆိုရင်တော့ အထက်ဖော်ပြပါ အချက်တွေအတိုင်း နေထိုင်ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အံ့သြဖွယ်ကောင်းလောက်အောင် အလုပ်ဖြစ်မှာမို့လို့ပါ။ ဒါပေမဲ့လည်း အခက်အခဲတွေ ရှိမယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

33 ADHD-Tested Ways to Get Organized. http://www.additudemag.com/adhd/article/729.html Accessed February
3, 2017

How to Shut Your Mouth — and Your Wallet. http://www.additudemag.com/adhd/article/9134.html Accessed
February 3, 2017

Adult ADHD: The Need for Time Management. http://www.everydayhealth.com/adhd-photos/9- time-management-tips- for-adult- adhd.aspx Accessed February 3.

 

ယခုပုံစံ

22/08/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။

ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။