brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျိုးသမီးဟော်မုန်းများက အတက်ရောဂါအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများရဲ့ မှတ်တမ်းများ အရကမ္ဘာပေါ်မှာ အတက်ရောဂါရှိတဲ့ လူနာပေါင်းဟာ အကြမ်းဖြင်းအားဖြင့် ၅၀ မီလီယံလောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ ရောဂါရှိတဲ့ အမျိုးသားများထက်စာရင် အမျိုးမျိုးသောရလဒ်များနှင့် ရင်ဆိုင်ကြုံတွေ့ ရပါတယ်။ အချို့သောအမျိုးသမီးများမှာဆိုရင် ဝက်ရူးပြန်ရောဂါကြောင့် တက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဦးနှောက်တွင်း လျှပ်စစ်လိုင်း လှုပ်ရှားမှု ပုံစံတွေဟာ ရာသီစက်ဝန်းနှင့်ဆိုင်တဲ့ပုံမှန် ဟော်မုန်း ပမာဏကို တိုက်ရိုက် ထိခိုက်နေပါတယ်။

အမျိုးသမီးဟော်မုန်းများက အတက်ရောဂါအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

Estrogenဟော်မုန်း နဲ့ progesteroneဟော်မုန်း

အမျိုးသမီးများရဲ့ ခန္ဓါကိုယ်ထဲမှာ လည်ပတ်စီးဆင်းနေတဲ့ လိင်ပိုင်းဆိုင်ရာ အဓိက ဟော်မုန်း ၂ မျိုးရှိပါတယ်။ သူတို့ကတော့ oestrogen နှင့် progestrone ဖြစ်ပါတယ်။ ဟော်မုန်းတစ်ခုစီရဲ့ ပမာဏဟာ အမျိုးသမီးများရဲ့ ခန္ဓါကိုယ်ထဲမှာ အချိန်အများစု၌ တူညီစွာ ရှိနေကြပါတယ်။ ဒီဟော်မုန်း ၂ခု စလုံးဟာ ဦးနှောက်ဆဲလ်တွေနှင့် ပတ်သက်ဆက်နွယ်မှု ရှိပါတယ်။ oestrogen ဟော်မုန်းကို excitatory ဟော်မုန်းလို့ လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ သူဟာဦးနှောက် ဆဲလ်တွေကနေ လျှပ်စစ် လှိုင်းတွေကို ပိုပြီးထုတ်စေတယ်လို့ ပြောတာပါ။ အခြားတစ်ဖက်မှာလည်း progestrone ဆိုတဲ့ ဟော်မုန်း ရှိပါတယ်။ ဒီဟော်မုန်းကိုတော့ inhibitory ဟော်မုန်းလို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဒီဟော်မုန်းဟာ ဦးနှောက်ဆဲလ်တွေ ရဲ့လှုပ်ရှားမှုကို ငြိမ်သက်စေတယ်လို့ ပြောတာပါ။

ခန္ဓါကိုယ်ဟာ progestroneထက် oestrogen ဟော်မုန်းကို ပိုပြီးထုတ်လာတဲ့ အခါမှာ အာရုံကြောစနစ်ကို လှုပ်ရှားတက်ကြွစေပါတယ်။ တစ်နည်းပြောရလျှင် သင့်ကို တက်ခြင်း ဖြစ်စေဖို့ရာ အခွင့်အလမ်း ပို၍ များစေပါတယ်။ ဟော်မုန်းတွေဟာ တကယ်တော့ တက်ခြင်းကို မဖြစ်ပေါ်စေပါဘူး။ သို့သော် တက်ခြင်းဖြစ်လာပြီ ဆိုရင်တော့ သူတို့ဟာ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ တကယ်တော့ ဝက်ရူးပြန်ရောဂါ ရှိတဲ့ အမျိုးသမီးအချို့ဟာ သူတို့ရဲ့ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်လာရင် ပိုတက်ကြပါတယ်။ ဥပမာအားဖြင့် အချို့သောငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေဟာ အပျိုဖော်ဝင်တဲ့အခါ သူတို့ရဲ့ ပထမဆုံး တက်ခြင်းကို ကြုံတွေ့ရပါတယ်။ ဆရာဝန်များရဲ့ ထင်မြင် ယူဆချက်ကတော့ ဒီလိုဖြစ်ရခြင်းဟာ အပျိုဖော်မဝင်ခင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ လည်ပတ်နေတဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေဟာ အများကြီး ရှိမနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခြားအမျိုးသမီးများကတော့ သူတို့ရဲ့ ရာသီလာစဉ် အချိန်တစ်ဝိုက်မှာ တက်ခြင်းကို ပို၍ကြုံတွေ့ရပါတယ်။ ဒါဟာ အမျိုးသမီး အားလုံးမှာ ဖြစ်တယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဝန်တွေဟာ ဟော်မုန်းပမာဏ နှင့် ဝက်ရူးပြန်ရောဂါ ဆက်စပ်မှု ရှိသလားဆိုတာကို လေ့လာနေကြဆဲ ဖြစ်ပါတယ်။

Catamenial epilepsy အမျိုးအစား အတက်ရောဂါ

အချို့သောအမျိုးသမီးများဟာ Catamenial epilepsy ဟုခေါ်သော ဝက်ရူးပြန်ရောဂါ အမျိုးအစား တစ်မျိုးရှိနေကြပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းကြောင့် ဖြစ်လာတဲ့ အတက်ရောဂါ အမျိုးအစားလို့ ပြောနိုင်ပါတယ်။ အချို့သော အမျိုးသမီးတွေဟာ မမျိုးဥ ကြွေချိန်ကဲ့သို့ သူတို့ရဲ့ ခန္ဓါကိုယ်မှာ oestrogen ဟော်မုန်း အများအပြားရှိနေတဲ့ အခါပိုပြီး တက်ခြင်းဖြစ်ပေါ် လေ့ရှိပါတယ်။ အခြားအမျိုးသမီးတွေကတော့ သူတို့ရဲ့ ရာသီမလာခင် သို့မဟုတ် လာနေစဉ်ကဲ့သို့ progestrone ဟော်မုန်း ပမာဏ ပြုတ်ကျသွားတဲ့ အချိန်မှာ တက်ခြင်း ဖြစ်ပေါ် ကြပါတယ်။ တကယ်လို့ သင်ဟာ တက်ခြင်းကို သင့်ရဲ့ ရာသီစက်ဝန်း ဒုတိယ၁၄ရက် ဝန်းကျင်မှာ စဖြစ် ပြီး ဒီ ၁၄ ရက်အတွင်း ဆက်တိုက်ဖြစ်သွားမယ်ဆိုရင် နောက်ထပ် Catamenial epilepsy အမျိုးအစားအတက်ရောဂါရှိနေပါပြီ။ ဒီရောဂါ အမျိုးအစားဟာ ဆိုရင် အမျိုးသမီးမှာ သားဥကို ရာသီစက်ဝန်းအတွင်း မထုတ်ပေးနိုင်တဲ့အခါ တွေ့ရပါတယ်။ ဒီလိုဖြစ်ခြင်းကို မျိုးဥမကြွေသော ရာသီစက်ဝန်းများ anovulatory cycle ဟုခေါ်ပါတယ်။

တက်ခြင်းနှင့် သွေးဆုံးခြင်း

အချို့သော အမျိုးသမီးတွေမှာ သွေးဆုံးသွားတဲ့အခါ အတက်ရောဂါဟာလည်း ပျောက်သွားနိုင်တယ်လို့ ထင်ရပါတယ်။ ဒီလိုဖြစ်ခြင်းကတော့ catamenial epilepsy အမျိုးအစားအတက်ရောဂါရှိတဲ့ အမျိုးသမီးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။ တစ်ခြားအမျိုးသမီး များအတွက်ကတော့ သွေးဆုံးသော အခါတွင်လည်း သူတု့ိရဲ့ အတက်ရောဂါနှင့် ပတ်သက်ပြီးဘာ ပြောင်းလဲမှုကိုမှ မတွေ့ရပါဘူး။ ဒါ့အပြင် တစ်ခြားအမျိုးသမီးတွေမှာ သွေးဆုံးချိန်ရောက်မှ ပိုဆိုးသော အတက်ရောဂါ ရှိနေတဲ့သူများလည်း ရှိပါတယ်။

အချို့သော အတက်ရောဂါ အမျိုးအစားတွေဟာ ဦးနှောက်ရဲ့ နားထင်ပိုင်းမှာရှိတဲ့ အမွှာကနေ စတယ်လို့ ဆရာဝန်များက ဆိုကြပါတယ်။ ဒီနေရာဟာ ဟော်မုန်းတွေကို ပုံမှန် ဖြစ်အောင် ပြုလုပ်ပေးနေတဲ့ နေရာများနှင့် အရမ်းကို နီးကပ်စွာ ပတ်သက်နေပါတယ်။ နားထင်ပိုင်းမှာ ရှိတဲ့ဦးနှောက်ရဲ့ အမွှာကနေစတင်တဲ့ အတက်ရောဂါအမျိုးအစားရှိတဲ့ အမျိုးသမီးတွေမှာ ရောဂါကြောင့် ဟော်မုန်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။

တစ်ခုမှတ်ထားရမှာကတော့ အချို့သော အတက်ရောဂါအတွက် သောက်တဲ့ဆေး အများစုဟာ အချိန်အကြာကြီး စွဲသောက်တဲ့အခါ အရိုးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးဆုံးတဲ့ အသက်အပိုင်းအခြား ရောက်နေတဲ့ အမျိုးသမီးတွေအတွက် အရိုးပွခြင်းဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။

လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်တွေ လှုပ်ရှားတက်ကြွမှုကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အတက်ရောဂါကို ထိန်းချုပ်ရာမှာ လွှမ်းမိုးနေပါတယ်။ oestrogen ဟော်မုန်း အမျိုးအစားဟာ ဦးနှောက်ဆဲလ်တွေကို လှုပ်ရှားတက်ကြွစေပြီး တက်ခြင်းကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် သဘာဝကရတဲ့ progestrone ဟော်မုန်းတွေဟာ ပြိုကွဲသွားပြီး ထွက်လာတဲ့ ပစ္စည်းဟာ အချို့သော အမျိုးသမီးတွေမှာ အတက်ရောဂါကို တားဆီးပေးနိုင်(သို့) ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Khin Yin Kyay · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။