သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်းသွေးဖြူဥအရေအတွက်တိုးလာစေမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။
သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်းသွေးဖြူဥအရေအတွက်တိုးလာစေမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။

သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။
သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပက ရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။
သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။
ပုံမှန်ရှိသင့်တဲ့ ပမာဏ – ၃၅၀၀ ကနေ ၁၀၅၀၀per microliter
ပမာဏနည်းနေတယ်ဆိုရင် – ၄၅၀၀per microliter ထက်နည်းနေတာ
ပမာဏများနေတယ်ဆိုရင် – ၁၁၀၀၀per microliter ထက်များနေတာပါ။
သွေးဖြူဥနည်းနေတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။
သွေးဖြူဥနည်းသူတွေအနေနဲ့သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။
ကြက်သွန်ဖြူမှာallicinဒြပ်ပေါင်းပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိစားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်းရပါတယ်။
ဗီတာမင်အေ၊ စီ နဲ့ ဗီတာမင် အီးတို့ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပါတယ်။နေ့တိုင်း ဟင်းနုနွယ်ကြော် ပန်းကန်လုံးတစ်လုံးစာ စားပေးသင့်ပါတယ်။
သွေးတွင်းသွေးဖြူဥ ပမာဏကိုတိုးစေနိုင်တဲ့ အရေးပါတဲ့ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့acetogenins ပါဝင်တာကြောင့်သွေးဖြူဥအရေအတွက် တိုးချင်သူတွေအတွက် သင့်တော်ပါတယ်။ သင်္ဘောရွက်ကိုရေနဲ့ရောကြိတ်ပြီး ပျားရည်နည်းနည်းထည့်လို့သောက်ပေးလို့ရပါတယ်။
ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကသွေးဖြူဥတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။နေ့တိုင်း ဒိန်ချဉ်တစ်ခွက်သောက်ပေးပါ။
ပန်းဂေါ်ဖီစိမ်းမှာsulforaphane (SFN) လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်းတစ်ခုပါဝင်တာကြောင့်သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။နေ့တိုင်း ချက်ထားတဲ့ ပန်းဂေါ်ဖီတစ်ခွက်စာ စားပေးပါ။
ကီဝီသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ပိုတက်ဆီယမ်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလိုသွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး တစ်လုံး၊ နှစ်လုံးလောက်စားပေးလို့ရပါတယ်။
ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီးသွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို လိမ္မော်သီးတစ်လုံးကနေ ၃ လုံးလောက်အထိစားပေးလို့ရပါတယ်။ အခြားအချဉ်ပါတဲ့အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် နဲ့ စပျစ်သီးတို့ကိုလည်း စားပေးလို့ရပါတယ်။
ရဲယိုသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။သွေးဖြူဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။ တစ်နေ့ကို ရဲယိုသီး အရွယ်တော် တစ်လုံး ဒါမှမဟုတ် အချိုမပါတဲ့ ရဲယိုသီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။