brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးဖြူဥများနေတယ် ဘာစားရမလဲ

အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာသွေးဖြူဥဆဲလ်နည်းတက ကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် မကောင်းဘူးဆိုပေမယ့်သွေးဖြူဥဆဲလ်တွေများလွန်းတာကလည်း ခန္ဓာကိုယ်မှာရောဂါတွေခံစားလာရနိုင်ခြေတိုးစေနိုင်ပါတယ်။သွေးဖြူဥများနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။

သွေးဖြူဥများနေတယ် ဘာစားရမလဲ

သွေးဖြူဥဆိုတာ ဘာလဲ…….

သွေးဖြူဥဆိုတာက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။

သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။

ဘယ်လိုအခြေအနေကိုသွေးဖြူဥများတယ်လို့ဆိုတာလဲ…………

သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။

ပုံမှန်ရှိသင့်တဲ့ ပမာဏ– ၃၅၀၀ ကနေ ၁၀၅၀၀per microliter

ပမာဏနည်းနေတယ်ဆိုရင်– ၄၅၀၀per microliter ထက်နည်းနေတာ

ပမာဏများနေတယ်ဆိုရင်– ၁၁၀၀၀per microliter ထက်များနေတာပါ။

သွေးဖြူဥများရင် ဘာဖြစ်မှာလဲ………

လေ့လာမှုတွေအရကတော့ သွေးဖြူဥများတဲ့ အမျိုးသား နဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ အရွယ်မတိုင်ခင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကလည်း တော်တော်လေးများနေတာပါ။ နောက်တစ်ချက်က သွေးဖြူဥများလွန်းတာဟာ ခန္ဓာကိုယ်မှာ ကင်ဆာခံစားရနိုင်ခြေ များနေတယ်ဆိုတဲ့ သဘောလည်းသက်ရောက်နေပါတယ်။

သွေးဖြူဥများနေတယ် ဘာစားရမလဲ……..

ခန္ဓာကိုယ်မှာသွေးဖြူဥပမာဏက လိုတာထက် ပိုများနေတဲ့အခါ ဒါလေးတွေကို စားသုံးပေးနိုင်ပါတယ်။

ဗီတာမင် C – ဗီတာမင် C စားသုံးမှုက ကိုယ်တွင်းကသွေးဖြူဥဆဲလ်ပမာဏတွေကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာသွေးဖြူဥဆဲလ်များနေမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ မာလကာသီး၊ နာနတ်သီး၊ သံပရိုသီး၊ သံပရာသီးတို့ကို စားသုံးပေးလို့ရပါတယ်။ ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ငရုတ်ပွတို့ကိုလည်း စားသုံးပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ – ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့free radicalsတွေကို ထိန်းညှိပေးနိုင်ပါတယ်။free radicalsတွေကြောင့် ကိုယ်တွင်းက ပရိုတင်းတွေ၊ဆဲလ်တွေနဲ့ DNAတွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်သွေးဖြူဥတွေများလို့ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ စပျစ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။

Omega-3 Fatty Acids – ခန္ဓာကိုယ်အတွင် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ အစားအသောက်တွေကနေတဆင့်လည်းရရှိနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီးပြင်ပကဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီအဆီဓာတ်ကို ပင်လယ်ငါး၊ ထရောက်ငါး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။

သွေးဖြူဥအရေအတွက်က ရှိသင့်တာထက်များနေသူတွေအနေနဲ့ အချိုကဲတဲ့အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။