brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

သွေးပျစ်တဲ့ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာမဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ပြဿနာခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေပိတ်သွားတတ်လို့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်းအသက်တွေကြီးလာရင် ပျစ်လာမှာလား။

လူတိုင်းမှာ သွေးရှိတယ်ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ပြဿနာကိုခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာများတဲ့သူတွေ သပ်သပ်ရှိပါတယ်။ သူတို့တွေကတော့

သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကတော့

မိဘမျိုးရိုး

မိသားစုထဲ သွေးပျစ်တဲ့မျိုးရိုးရှိရင် ကိုယ့်မှာလည်း သွေးပျစ်နိုင်ဖို့ အလားအလာတွေများတတ်ပါတယ်။

Polycythemia vera (PV) သွေးကင်ဆာ

Polycythemia vera (PV) လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ြခင်းကိ ုဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ဒီလို PV ဝေဒနာခံစားနေရတဲ့ လူတွေမှာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥ၊ သွေးဖြူဥ၊ သွေးတိတ်ဆဲလ်( platelets) တွေ အများကြီးထုတ်လိုက်တာကြောင့် သွေးပျစ်သွားရတာဖြစ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ပိုဖြစ်နိုင်ပါတယ်။

Waldenstrom macroglobulinemia – သွေးဖြူဥကင်ဆာ

Waldenstrom macroglobulinemia ဆိုတာ သွေးဖြူဥကင်ဆာတစ်မျိုးဖြစ်တဲ့ ရှားပါး non-Hodgkinlymphomaတစ်မျိုးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ macroglobulin ပရိုတင်းတွေ သွေးထဲများနေတာကြောင့် သွေးပျစ်စေပြီး သွေးခြဲခင်းပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။

SLE အရေပြားလေးဘက်နာ နဲ့ lupus ရောဂါ

ခုခံအားကနေ ကိုယ့်ရဲ့ဆဲလ်တွေကိုပြန်တိုက်တဲ့ အရေပြားလေးဘက်နာလို့ လူသိများကြတဲ့ SLE နဲ့ Lupus ေရာဂါတို့မှာ autoimmuneinflammationလို့ခေါ်တဲ့ ခုခံအားကပြန်တိုက်လို့ ရောင်ရမ်းတဲ့ပြဿနာကြောင့် Procoagulants သွေးပျစ်ပစ္စည်းတွေ အများကြီးထွက်လာတတ်ပါတယ်။ ဒီ Procoagulants တွေများများထွက်လေ သွေးများများပျစ်လေပါပဲ။

Factor V Leiden – သွေးခဲစေမယ့် factor V ပုံမှန် မဟုတ်တဲ့ပြဿနာ

ထိခိုက်ဒဏ်ရာတစ်ခုခုရလို့ သွေးထွက်တဲ့အခါ သွေးတိတ် စေဖို့ကိုယ်တွင်းစနစ်က အလုပ်လုပ်ရပါတယ်။ ဒီထဲမှာ factor V လည်း တစ်ခု အပါအဝင်ပါ။ ဒီ factor V နည်းတဲ့အခါ သွေးမတိတ်တဲ့ပြဿနာတွေဖြစ်သွားတတ်ပြီး ပုံမှန် မဟုတ်တဲ့အခါမျိုးတွေမှာတော့ သွေးပျစ်တဲ့ပြဿနာတွေဖြစ်စေပြီး အတွင်းပိုင်းသွေးကြောတွေမှာ သွေးခဲတဲ့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။

protein C protein S နည်းနေတဲ့ပြဿနာ

မျိုးရိုးဗီဇပြဿနာတစ်ခုဖြစ်တဲ့ protein C နဲ့ protein S နည်းနေတဲ့ပြဿနာမှာ သွေးခဲတွေ ပိုဖြစ်နိုင်တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပျစ်တဲ့ပြဿနာခံစားရတတ်ပါတယ်။

Prothrombin Gene 20210A mutation

မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတစ်ခုကြောင့် သွေးခဲ စေတဲ့ ပရိုတင်း prothrombin မှာ ပြဿနာရှိနေတဲ့အခါမှာ သွေးပျစ်တာ သွေးခဲတာစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။