အခြားသွေးရောဂါများ

အခြားသွေးရောဂါများ နဲ့ ပတ်သက်ပြီး အမျိုးအစားများ၊ လက္ခဏာများ၊ ကုထုံးများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားသွေးရောဂါများ

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း

ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် 'ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ' ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။ ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဟိုးအရင်တုန်းက […]

အခြားသွေးရောဂါများ ကို ရှာဖွေမည်။

သွေးရောဂါများ

သွေးမလှူခင် ဘာတွေစားသင့်လဲ။

သွေးလှူခြင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တဲ့ အင်မတန် မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ သင့်အနေနဲ့ သွေးလှူဖို့အတွက် စဉ်းစားပြီးပြီ၊ စာရင်းသွင်းပြီးပြီ ဆိုရင်တော့ မလှူခင်မှာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ ရှောင်သင့်တယ်ဆိုတာကို လေ့လာသင့်ပါပြီ။ သွေးလှူတာဟာ လိုအပ်နေတဲ့ သူတွေအတွက် အများကြီးအကျိုးရှိပြီး အလှူရှင်အတွက်လည်း ဆိုးကျိုးအများကြီးမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ သွေးလှူပြီးတဲ့အခါ မူးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တာလေးတွေကို ကာကွယ်နိုင်ဖို့အတွက် သွေးမလှူခင်နဲ့ သွေးလှူအပြီးမှာ သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ ဘာတွေစားကြမလဲ။ ၁။ ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေမှာ ရေဓါတ်က တစ်ဝက်နီးပါး ပါဝင်တာကြောင့် သွေးမလှူခင်ရော၊ လှူပြီးတဲ့အခါမှာပါ ရေဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သွေးလှူလိုက်တဲ့ အခါမှာ ရေဓါတ်တွေနည်းသွားနိုင်ပြီး သွေးပေါင်ကျစေနိုင်တဲ့အတွက် မူးတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးမလှူခင်မှာ ပုံမှန်သောက်နေကျထက် […]


အခြားသွေးရောဂါများ

သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သောသူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအချေအနေဟာ ဆက်စပ်မှုရှိပါတယ်။ လေ့လာကြည့်ရအောင်။ သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။ စိတ်ပိုင်းဆိုင်ရာ ။    ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ချေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ချေများပါတယ်။ သန္ဓေအောင်နိုင်ခြေ ။   ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ချေနည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ […]


အခြားသွေးရောဂါများ

သွေးဆိပ်သင့် ခြင်း

သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါ ခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။ ရောဂါပိုးတွေ သွေးထဲကို ရောက်လာပြီး ခန္ဓာကိုယ်ရောင်ရမ်းလာတာကို 'သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တွေကို ထိခိုက်လာပြီဆိုရင် 'ပြင်းထန်သွေးဆိပ်သင့်'တယ်လို့ ခေါ်ပါတယ်။ သွေးပေါင်တွေပါကျပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေပါ ထိလာတယ်၊ တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာတယ်။ သေဆုံးတဲ့အထိပြင်းထန်တယ်ဆိုရင်ေတာ့ 'သွေးဆိပ်သင့်ရှော့ဖြစ်'တယ်လို့ ခေါ်ပါတယ်။ သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။ ဘာလို့ သွေးဆိပ်သင့် တာလဲ။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေက သွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ […]


အခြားသွေးရောဂါများ

အသက်ကယ်ဖို့ သွေးလှူ ကြမယ် ဆိုရင်

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။ ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ လူကကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေအတွက် သိထားသင့်တဲ့ သတိပြုစရာအချက်လေးတွေ အကြံပေးလိုက်ရပါတယ်။ ဒီလိုမျိုးဆို သွေးလှူလို့မရပါ အဓိကအားဖြင့် - မကြာခဏနေမကောင်းဖြစ်တတ်ရင် အသက် ၁၈ နှစ်မပြည့်သေးရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၁၀ မပြည့်ရင် ကိုယ်ဝန်ရှိနေရင် အိတ်ချ်အိုင်ဗီ၊ အသည်းရောင် ဘီ၊ စီ၊ အေ တို့လို ရောဂါအခံတစ်ခုခုရှိနေရင် စတဲ့ အခြေအနေတွေ […]


အခြားသွေးရောဂါများ

ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။

ကြီးကြီးမားမား ထိခိုက်မိတာမျိုးတွေလည်း မရှိဘဲနဲ့ လက်တွေ ခြေထောက်တွေမှာ ခဏခဏ အညိုအမည်းစွဲ သွေးခြည်ဥတာမျိုးတွေ ဖြစ်နေပြီလား။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။ အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။ သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။ အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။ သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေ တွေ့ရင် ပုံမှန် […]


အခြားသွေးရောဂါများ

သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

သွေးပျစ်တဲ့ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာမဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ပြဿနာခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေပိတ်သွားတတ်လို့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။ လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်းအသက်တွေကြီးလာရင် ပျစ်လာမှာလား။ လူတိုင်းမှာ သွေးရှိတယ်ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ပြဿနာကိုခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာများတဲ့သူတွေ သပ်သပ်ရှိပါတယ်။ သူတို့တွေကတော့ သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကတော့ မိဘမျိုးရိုး မိသားစုထဲ သွေးပျစ်တဲ့မျိုးရိုးရှိရင် ကိုယ့်မှာလည်း သွေးပျစ်နိုင်ဖို့ အလားအလာတွေများတတ်ပါတယ်။ Polycythemia vera (PV) သွေးကင်ဆာ Polycythemia vera (PV) လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ြခင်းကိ ုဖြစ်စေရတဲ့ […]


အခြားသွေးရောဂါများ

Hemophagocytic lymphohistiocytosis (HLH) (Hemophagocytic lymphohistiocytosis (HLH))

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemophagocytic lymphohistiocytosis (HLH) ဆိုတာဘာလဲ။ Hemophagocytic lymphohistiocytosis (HLH) ဆိုတာက တက်ကြွနေတဲ့ခုခံအားစနစ်ကဆဲလ်တွေ (မက်ခရိုဖာ့ခ်ျနဲ့ လင်ဖိုဆိုက်) ခန္ဓါကိုယ်မှာ အများကြီးဖြစ်လာတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ HLH ရှိသူတွေမှာ များသောအားဖြင့် အသက် တစ်လ သို့မဟုတ် တစ်နှစ်အတွင်း လက္ခဏာပေါ်လာပါတယ်။ လက္ခဏာတွေမှာ ဖျားခြင်း၊ အသည်း ဘေလုံးကြီးခြင်း၊ cytopenia (သွေးဆဲလ်များကျခြင်း) နှင့် အာရုံကြောစနစ်မူမမှန်ခြင်းများ ပါဝင်ပါတယ်။   Hemophagocytic lymphohistiocytosis (HLH) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Hemophagocytic lymphohistiocytosis (HLH) က ရှားပါတဲ့ ကိုယ်ခံအားစနစ်ရောဂါဖြစ်ပြီး နို့စို့အရွယ်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တာကို သိထားပါ။ ဆွီဒင်နိုင်ငံက လူဦးရေအခြေပြုတဲ့ လေ့လာမှုတစ်ခုအရ ကလေး ၁ သန်းမှာ ၁.၂ ယောက်နှုန်း၊ […]


အခြားသွေးရောဂါများ

သင့်သွေးဖြင့် အသက်ကယ်ပါ

သွေးလှူခြင်းဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ ကိုယ့်သွေးကြောင့် တပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ အကြိမ်ရေ ရာပေါင်းများစွာ လှူဖူးသူတွေ ရှိတာလည်း သတင်းစာတွေထဲမှာ ဖတ်ဖူးကြမှာပါ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများတဲ့ သွေးလှူခြင်းအကြောင်း တစေ့တစောင်းကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားပါမယ်။   ဘယ်လိုလူတွေ သွေးလိုအပ်သလဲ   သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။ ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်သွေးဟာ […]


အခြားသွေးရောဂါများ

သွေးဆိပ်သင့်ခြင်း

သွေးဆိပ်သင့်ခြင်းဆိုတာ အချို့သော ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဖြစ်လာခဲ့ရင်လည်း လူ့အသက်ကို သေစေနိုင်တဲ့အထိ ဆိုးရွားပြင်းထန်တတ်ပါတယ်။ သွေးဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ စုပ်ယူမှုအား အလွန်ကောင်းတဲ့ အမျိုးသမီးလစဉ်သုံး tampon များ၊ အရေပြားပေါ်ရှိ ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာများ၊ လတ်တလောတွင် ခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သန္ဓေတားရန်အသုံးပြုသည့် ပစ္စည်းများ၊ တုတ်ကွေး၊ ရေကျောက်စတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုများပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သွေးဆိပ်သင့်နိုင်တဲ့ အလားအလာကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံး tampon များကို မကြာခဏ လဲလှယ်ပေးပါ၊ အနည်းဆုံး ၄နာရီ မှ ၈နာရီခြားတစ်ကြိမ် လဲလှယ်ပေးပါ ရာသီသွေးဆင်းနည်းချိန်များတွင် အသေးစား လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုပါ ယခင်က သွေးဆိပ်သင့်ဖူးသည့် ရောဂါရာဇဝင်ရှိလျှင်၊ […]


အခြားသွေးရောဂါများ

Phlebitis (သွေးပြန်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Phlebitis (သွေးပြန်ကြောရောင်ခြင်း) ကဘာလဲ။ သွေးပြန်ကြောရောင်ခြင်းကို Phlebitis လို့ခေါ်ပြီး သွေးခဲကြောင့်သွေးပြန်ကြောရောင်ခြင်းကို Thrombophlebitis လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ခြင်းဟာ အပေါ်ယံအရေပြား ဒါမှမဟုတ် အောက်ဖက် တစ်သျှူးထဲမှာ ဖြစ်ပါတယ်။ အပေါ်ယံ သွေးပြန်ကြောရောင်ခြင်းဟာ အရေပြားအောက်မှာ ဖြစ်ပေါ်ပါတယ်။ ပိုပြီးအောက်ဖက်ရောက်တဲ့ သွေးပြန်ကြောတွေထဲမှာ သွေးခဲကြောင့် သွေးပြန်ကြောရောင်ခြင်းရောင်ခြင်း၊ သွေးခဲပိတ်ဆိုပခြင်းတွေ တွေ့ရတတ်ပါတယ်။ Phlebitis (သွေးပြန်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများPhlebitis (သွေးပြန်ကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ နာကျင်ခြင်း အရေပြားအောက်တွင်အဖုဖြစ်နေခြင်း အရေပြားနီရဲခြင်း အပေါ်ယံဖြစ်စေ အောက်ပိုင်းဖြစ်စေ သွေးပြန်ကြောရောင်ခြင်းဟာ အဖျားငွေ့ငွေ့ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ အပြင်းဖျားခြင်း၊ ရောင်တဲ့နေရာက ပြည်ထွက်ခြင်း စတာတွေဟာ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးပြန်ကြောတလျှောက် အကြောကိုစမ်းမိရင် အပေါ်ယံသွေးခဲခြင်း ဒါမှမဟုတ် အပေါ်ယံသွေးခဲမှုကြောင့် သွေးပြန်ကြောရောင်ခြင်း ဖြစ်ပါတယ်။ အောက်ပိုင်းသွေးပြန်ကြောထဲ သွေးခဲရင် သက်ဆိုင်ရာ ခြေလက်တွေဟာ နီရဲနာကျင်နေတတ်ပါတယ်။ ခြေထောက်မှာဆိုရင် လမ်းလျှောက်ရခက်ခဲပါတယ်။ အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း