Porotic hyperostosis က ဦးခေါင်းခွံကအရိုးတွေကို ထိတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အရိုးတွေမှာ အပေါက်များနေတာ ပွနေတာကိုကြည့်ပြီး ဒီရောဂါကို သတ်မှတ်ပါတယ်။ ပွယောင်းတဲ့တစ်ရှူးတွေက ကြီးထွားမြန်တာမို့ ဖောင်းလားပြိး အရိုးမျက်နှာပြင်က တစ်ရှူးတွေပါးပါးပြီး အပေါက်တွေဖြစ်လာရပါတယ်။ ကြီးထွားလာတဲ့ ဦးခေါင်းခွံရိုး ဒါမှမဟုတ် တခြားအရိုးထဲမှာ ပွယောင်းနေတဲ့ချဉ်ဆီတွေကို မြင်နိုင်တယ်လို့ဆိုပါတယ်။
အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
Porotic hyperostosis ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
လေ့လာမှုအတော်များများကတော့ Porotic hyperostosis က သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါနဲ့ အာဟာရမပြည့်တာကနေ ဖြစ်တာလို့ပြောထားကြပါတယ်။ သွေးအားနည်းတာက ဒီပြဿနာဖြစ်လာတယ်ဆိုတာ လက်ခံလို့ရပေမယ့် သံဓါတ်နည်းတဲ့အစားအသောက်ကြောင့်လို့ ပြောရပါမယ်။ ကမ္ဘာအနှံ့က လေ့လာချက်တွေမှာ ဒီပြဿနာက သံဓါတ်များများစားတဲ့လူထက် နည်းနည်းစားတဲ့လူတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ Hemolytic Anemia နဲ့ Megaloblastic Anemia တို့လို သွေးနီဥတွေများများထုတ်ရတဲ့ ရောဂါတွေကလည်း Porotic Hyperostosis ကို ဖြစ်စေတယ်လို့ သက်သေပြချက်တွေရှိပါတယ်။
ထပ်မံသိလိုတာတွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
ဦးခေါင်းခွံဧရိယာကို ပုံရိပ်ဖော်ကြည့်တဲ့နည်းတွေက အရိုးပျော့နေတဲ့နေရာတွေကို ဖော်ပြပေးနိုင်ပါတယ်။ သွေးစစ်တာတွေမှာတော့ သံဓါတ်နည်းတာအပြင် တခြားနည်းနေတာတွေပါသိနိုင်ပြီး အာဟာရချို့တဲ့တာကို တွေ့ရှိခြင်းကနေ ရောဂါအတည်ပြုတာကို အထောက်အကူရစေပါတယ်။
အစားအသောက်ထဲမှာ အက်စစ်ဓါတ်များနေတဲ့အခါ ခန္ဓါကိုယ်မှာ အက်စစ်အမှိုက်တွေစုလာပါတယ်။ ဒီကနေ အရိုးတွေကို အားနည်းစေတယ်။ ဒါကြောင့် အက်စစ်ရော အယ်လ်ကာလီရော မျှတတဲ့ ကျန်းမာတဲ့အစားအစာတွေကိုပဲ စားပေးရပါမယ်။
လူလုပ်ဓါတုပစ္စည်းတွေပါဝင်တဲ့ စားသောက်ကုန်တွေက အရိုးတွေကိဖျက်စီးတတ်လို့ ရှောင်ရပါမယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြည့်ထားတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပေးရပါမယ်။
အရိုးပွတာအတွက်ပေးတဲ့ဆေးတွေကတော့ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးများလာတာကြောင့် သတိထားဖို့ အရေးကြီးပါတယ်။
ခပ်သော့သောပြေးခြင်း၊ လမ်းလျှောက်ခြင်းတို့ကို မှန်မှန်လုပ်ပေးတာက အထောက်အကူဖြစ်စေပါတယ်။ တစ်ချို့အားကစားတွေကလည်း အရိုးကျန်းမာရေးကောင်းစေတဲ့အတွက် လုပ်ပေးသင့်ပါတယ်။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။