ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။ ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်ဟာ မျိုးပွားမှုမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှုဝေဒနာမျိုးဖြစ်စေနိုင်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရောဂါအမျိုးအစားမဟုတ်ပဲ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သုက်ရည်နဲ့ ဓာတ်မတည့်မှုကို Semen Allergy လို့ အလွယ်တကူခေါ်ဆိုကြပြီး ဆေးပညာမှာတော့ Human Seminal Plasma Hypersensitivity (HSP) လို့ ခေါ်ပါတယ်။ သုက်ရည်ဓာတ်မတည့်မှုလို့ အလွယ်တကူပြောဆိုကြပေမယ့် တကယ်တမ်းအားဖြင့် သုက်ရည်နဲ့ သုက်ပိုးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်နေတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်မှုဖြစ်ပါတယ်။ အဆိုပါဓာတ်မတည့်မှုဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီးတော့ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် Semen Allergy ဝေဒနာခံစားနေရသူ အမျိုးသမီး ၄၀၀၀၀ ကျော်ရှိပါတယ်။ ဒီရောဂါရဲ့အကြောင်းကို သိရှိလာကြတာက မကြာသေးပါဘူး။ ဒါကြောင့် တချို့အချက်အလက်တွေကို တိတိကျကျ မသိရှိသေးတာတွေရှိနေပါသေးတယ်။ အမျိုးသားတွေအနေနဲ့ သူများကိုယ်ကထွက်တဲ့ သုက်ရည်နဲ့သာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ရှိတဲ့ သုက်ရည်ကြောင့်ပါ ဓာတ်မတည့်မှုဖြစ်နိုင်တယ်ဆိုတာပါပဲ။   သုက်ရည်နဲ့ဓာတ်မတည့်မှု […]


အခြား ဓာတ်မတည့်ခြင်းများ

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက စားလိုက်ရင် အရသာရှိရုံ အားပြည့်စေရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ခံစားရနိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု ကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။ ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ဆိုရင် ဒါတွေ စားပေးလို့ရပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဘယ်ရီသီး၊ တရုတ်နံနံ စတာတွေမှာ အပင်ထွက် ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ quercetin ပါဝင်နေပါတယ်။ ဒီဓာတ်ကပဲ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးတာပါ။ ကီဝီသီး ကီဝီသီးက ဗီတာမင် C ကြွယ်ဝပါတယ်။ ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ ဓာတ်မတည့်မှုကို ကာကွယ်ဖို့အတွက် စားပေးသင့်ပါတယ်။ ဒါပေမယ့် သားရေနဲ့ ဓာတ်မတည့်သူတွေအတွက်ကတော့ ရှောင်ရမယ့် စားစရာတစ်ခုပါ။ နာနတ်သီး နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်း တစ်မျိုး […]


အခြား ဓာတ်မတည့်ခြင်းများ

Latex Allergy (သားရေနဲ့ ဓာတ်မတည့်ခြင်း)

Latex allergy (သားရေနဲ့ဓာတ်မတည့်ခြင်း) ဆိုတာ သဘာဝ သားရေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးနဲ့ ဓာတ်ပြုတုံ့ပြန်တဲ့ အခြေအနေပါ။ ရော်ဘာပင် အစေးနဲ့ ဓာတ်မတည့်တာပါ။ တကယ်လို့ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေကို ထိတွေ့မိတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ ပြလာပါလိမ့်မယ်။ သားရေဓာတ်မတည့်မှုဖြစ်တဲ့အခါ အရေပြား ယားယံတာ၊ အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရင်တော့ လည်ချောင်းတွေ ရောင်ရမ်းတာ၊ လေပြွန်တွေ ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။ ဒီတော့ ကြိုတင် သိရှိကာကွယ်နနိုင်စေဖို့ သားရေနဲ့ဓာတ်မတည့်ခြင်းအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ သားရေနဲ့ဓာတ်မတည့်မှု လက္ခဏာများ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေနဲ့လုပ်ထားတဲ့အရာတစ်ခုခု ဥပမာ လက်အိတ်၊ ဘောလုံးစတာတွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုချိန်မှာ ဖြစ်ဖြစ် လေထုထဲမှာ လွှင့်ပါနေတဲ့ သားရေမှုန်လေးတွေကို ရှူရှိုက်မိတဲ့အခါမျိုးမှာဖြစ်ဖြစ် ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သားရေဓာတ်မတည့်မှု လက္ခဏာဟာ […]


ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းဆိုတာ ပုံမှန်အားဖြင့် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန် မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေပါ။ ဒီအခြေအနေကို ဓာတ်မတည့်ခြင်း (ALLERGY) လို့ခေါ်တာပါ။ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာ (allergens) တစ်ခုခုကို ထိတွေ့မိပြီဆိုတာနဲ့ ခန္ဓာကိုယ်က နှာချေတာ၊ နှာစေးတာ၊ အရေပြားမှာ အနီအပိမ့်တွေထွက်တာ၊ အင်ပြင်တွေလိုဖြစ်တာမျိုး ဖြစ်ပြီး တုံ့ပြန်ပါတယ်။  ဒါက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်က ဓာတုပစ္စည်းတွေ ထုတ်နေတဲ့ လက္ခဏာတွေပါ။ အဆိုးဆုံးအနေနဲ့ ဓာတ်မတည့်တာက သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အတွေ့ရများတဲ့ ဓာတ်မတည့်မှုတွေကတော့ ဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay Fever)၊ အစားဓာတ်မတည့်ခြင်း (food allergies)၊ အရေပြားဓာတ်မတည့်မှုပြဿနာတွေပါ။ ဓာတ်မတည့်မှုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး သေချာလေး ကုသမှုခံယူဖို့ လိုပါမယ်။ ဓာတ်မတည့်မှု လက္ခဏာများ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes အပါအဝင် […]


အစာဓာတ်မတည့်ခြင်း

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်တဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံးရဲ့ လူသန်းပေါင်းများစွာ ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ ဘာကြောင့်ဓာတ်မတည့်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း အတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့ မိဘမျိုးရိုး၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်တာ၊ ရောဂါအခံ၊ အရေပြားက ထိခိုက်လွယ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဓာတ်မတည့်ခြင်းတွေထဲမှာ အစားအစာက အဖြစ်အများဆုံးဖြစ်ပြီး၊ လေထု၊ ရေထု၊ ဓာတုဗေဒပစ္စည်း၊ ဖုန်မှုန့်၊ ရောဂါပိုးမွှား၊ အဝတ်အစား စတာတွေကြောင့်လည်း ဓာတ်မတည့်ဖြစ်စေနိုင်ပါတယ်။ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့ လူဦးရေဟာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓာတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲလို့ စစ်ဆေးချက်များအရ သိထားပါတယ်။ ဘယ်အစားအစာတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေအများဆုံးလဲ။ ၁။ နွားနို့ ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

သင့်ရဲ့အိမ်တွင်းထဲမှာ အင်းဆက်၊ ပိုးမွှားတွေရှိနေတယ်လို့ ခံစားရရုံနဲ့ သင့်ကို အော်ဂလီဆန်စေမှာပါ။ ကြွက်၊ ခြ၊ အိမ်မြှောင်၊ ကြမ်းပိုး၊ ကြောင်သန်းစတဲ့ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံနဲ့အကောင်တွေဟာ လူတွေရဲ့ အိမ်ထဲမှာ ကျင်လည်ကျက်စားတတ်ကြပါတယ်။ ဒီအကောင်ပလောင်တွေဟာ အိမ်မှာ မှီခိုနေရုံတင်မကပါဘူး။ ရောဂါပိုးမွှားပြဿနာပေါင်းစုံကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါတယ်။ ဒါကြောင့် သူတို့တွေဟာ သင့်ရဲ့ အိမ်ကို ညစ်နွမ်းစေရုံသာမကဘဲ သင့်ကျန်းမာရေးကိုလည်း ဆိုးရွားစွာထိခိုက်စေနိုင်ပါသေးတယ်။ အကောင်ပလောင်တွေထဲကမှ လုံးဝမေ့ထားလို့မဖြစ်တဲ့ အကောင်ကတော့ ပိုးဟပ်ပါပဲ။ ပိုးဟပ်တွေဟာ စိတ်ပျက်စရာ ကောင်းရုံသာမက ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေ နိုင်တာမို့ သတိထားနှိမ်နှင်းသင့်ပါတယ်။ ဒါကြောင့် ပိုးဟပ်တွေရဲ့အကြောင်း၊ သူတို့ဘယ်လိုရှင်သန် ကြသလဲ၊ သူတို့ကို ဘယ်လိုနှိမ်နှင်းနိုင်မလဲ၊ သူတို့ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ သိထားသင့်တဲ့ ဗဟုသုတတွေပါပဲ။ ပိုးဟပ်ဆိုတဲ့အကောင်တွေဟာ ပိုးဟပ်ကို လူတိုင်းလိုလိုမြင်ဖူးကြမှာပါ။ သူတို့မှာ ရှည်လျားတဲ့နှုတ်ခမ်းမွေးတွေနဲ့ ခြေတွေ လက်တွေ […]


အစာဓာတ်မတည့်ခြင်း

ကီဝီသီးနှင့် ဓာတ်မတည့်ခြင်း

ချိုချိုချဉ်ချဉ် အရသာနဲ့ စားလို့ကောင်းတဲ့ ကီဝီသီးကို လူအတော်များများစားဖူးကြမှာပါ။ Chinese gooseberry လို့လည်းခေါ်ဆိုကြတဲ့ ကီဝီသီးမှာ ဗီတာမင်ဓာတ်တွေအများကြီးပါတာကြောင့် ကျန်းမာရေး နဲ့လည်းညီညွတ်ပါတယ်။ ဒါပေမဲ့ ကီဝီသီးစားပြီး ဓာတ်မတည့်မှုဖြစ်ပေါ်တတ်တာကို သိပါသလား ဓာတ်မတည့်ခြင်းဆိုတာ လူ့ခန္ဓာကိုယ်ထဲက ခုခံအားစနစ်က ပြင်ပကဝင်လာတဲ့ဓာတ်တွေကို ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့အခါမှာကြုံရတတ်ပါတယ်။ ဓာတ်မတည့်ခြင်းအမျိုးမျိုးရှိပြီးတစ်ယောက်နဲ့တစ်ယောက်လည်း မတူပါ ဘူး။ ကီဝီသီးစားရင်ဓာတ်မတည့်တဲ့အခြေအနေကိုတော့ ကလေးငယ်တွေနဲ့ လူငယ်ပိုင်းတွေမှာပိုတွေ့ရတတ် ပါတယ်။ ဘာလက္ခဏာတွေ ပြမလဲ ကီဝီသီးစားလို့ဓာတ်မတည့်ရင် ပါးစပ်၊လျှာ၊ လည်ပင်းလို သွားနဲ့ခံတွင်းဆိုင်ရာ နေရာတွေကို အဓိကပြဿနာပေး ပါတယ်။ ဓာတ်မတည့်တဲ့လက္ခဏာတွေက အများအားဖြင့်သိပ်မပြင်းထန်တတ်ပါဘူး။ ပါးစပ်နဲ့လည်ချောင်းထဲမှာ ယားယံခြင်း၊ လျှာ၊နှုတ်ခမ်းနဲ့လည်ချောင်းထဲမှာထုံကျဉ်ခြင်း စတာတွေလောက်ပဲ ကြုံရတတ်ပေမဲ့ အချို့သူတွေမှာဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်ပါတယ်။ အသက်ရှူရခက်ခဲလာခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးပေါင်ချိန်ကျသွားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးမေ့သွားခြင်း စတဲ့လက္ခဏာတွေပြလာခဲ့ရင် ဆေးရုံဆေးခန်းမှာပြသဖို့လိုအပ်ပါတယ်။ ဓာတ်မတည့်ခြင်းမဖြစ်အောင် ဘယ်လိုနေမလဲ ဓာတ်မတည့်တဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

အလွှာပါးရတာ မကြိုက်တဲ့ ဘော်ဒါတွေ ခေါင်းစဉ်ကို ကြည့်ပြီး အပျော်မစောလိုက်ပါနဲ့။ ဒီဖြစ်စဉ်ဟာ လူသန်းပေါင်းများစွာထဲမှာ ရာဂဏန်းလောက်မှာသာ တွေ့ရတတ်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာပါ။ တကယ်တမ်းက ကွန်ဒုံးနဲ့ ဓာတ်မတည့်တာ မဟုတ်ဘဲနဲ့ ကွန်ဒုံးကို ပြုလုပ်ထားတဲ့ Latex ရာဘာသားနဲ့ ဓာတ်မတည့်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ စစချင်းမှာ ကိုယ့်မှာ ဓာတ်မတည့် လက္ခဏာ ရှိလို့ ရှိမှန်းမသိဘဲ အသုံးပြုတာ နှစ်ရှည်လများ ကြာလာတော့မှ လက္ခဏာ စပြတတ်တာမျိုးလည်း ရှိပါတယ်။ ဓာတ်မတည့် လက္ခဏာတွေက ဘာတွေလဲ။ များသောအားဖြင့် ကွန်ဒုံးကို ချွတ်ပြီး နာရီပိုင်းအတွင်းမှာ လက္ခဏာ ပြလာတတ်ပြီး ရှားပါးဖြစ်စဉ်မှာတော့ ကွန်ဒုံးကို စွပ်လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ လက္ခဏာ ပြလာနိုင်ပါတယ်။ အတွေ့များတဲ့ ဓာတ်မတည့် လက္ခဏာတွေကတော့ • အရေပြား ယားယံခြင်း • နီရဲခြင်း၊ အနီကွက်များ […]


အစာဓာတ်မတည့်ခြင်း

လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ အစာအိမ်အူလမ်းကြောင်းကနေ ကောင်းစွာစုပ်ယူနိုင်ခြင်း မရှိတော့တဲ့အတွက် ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် လူသားတွေဆီမှာ လက်တို့စ်ကို ချေဖျက်နိုင်ဖို့ လက်တော့စ်အင်ဇိုင်းပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်းချို့တဲ့သူတွေကတော့ လက်တို့စ်မချေဖျက်နိုင်လို့ ဖြစ်ပေါ်လာရတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ လက်တို့စ် မချေဖျက်နိုင်ခြင်းကြောင့် တွေ့ရတတ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ၁။ အစာအိမ်အောင့်ခြင်း လက်တို့စ်ကို မချေဖျက်နိုင်တဲ့အခါ လက်တို့စ်ဟာ အူလမ်းကြောင်းတစ်လျှောက်ဖြတ်သွားပြီး အူမကြီးထိ ရောက်သွားပါတယ်။ အူမကြီးရောက်တဲ့အထိ လက်တို့စ်ကို အူလမ်းကြောင်းကနေ မစုပ်ယူနိုင်တဲ့အခါ အချဉ်ပေါက်သွားပြီး […]


အစာဓာတ်မတည့်ခြင်း

အစားအစာ နှင့် ဓာတ်မတည့်ခြင်း ပြဿနာ။

Food allergies လို့ခေါ်တဲ့ အစားအစာ တစ်ခုခုနဲ့ ဓာတ်မတည့်ခြင်းဟာ အဖြစ်များတဲ့ ပြသနာတစ်ခုဖြစ်ပြီး သိပ်မပြင်းထန်ရင်တော့ ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြနိုင်ပြီး ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ ဓါတ်မတည့်တဲ့ အစားအစာ တစ်ခုခုကို စားလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်က အဲဒီအစားအစာကို အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခု အနေနဲ့ သတ်မှတ်လိုက်ပြီး ပြန်လည်ခုခံတာကြောင့် ရောဂါ လက္ခဏာတွေ ဖြစ်လာရတာပါ။ ဘယ်လို လူတွေမှာ အစားအစာ နဲ့ ဓာတ်မတည့်တဲ့ ပြသနာ ပိုဖြစ်နိုင်လဲ။ ၁။ ကလေးငယ်တွေ အချို့သော အစားအစာတွေ နဲ့ ဓာတ်မတည့်တဲ့ ပြသနာတွေဟာ မွေးကင်းစကလေးငယ်တွေ၊ လေးဘက်ထောက်အရွယ်ကလေးလေးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ တစ်ချို့သော အစားအစာ (ဥပမာ- နို့၊ ပဲ၊ ဥအမျိုးမျိုး) တွေနဲ့ ဓာတ်မတည့်ခြင်းတွေဟာ အသက်ကြီးတဲ့အခါ တဖြည်းဖြည်းလျော့နည်းလာနိုင်ပါတယ်။ တချို့သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း